ရေသတ္တဝါ အရှင်များအား ဖမ်းဆီး၊ရောင်းဝယ်၊တင်ပို့၊စုဆောင်းခြင်းမပြုရမည့် ကာလသတ်မှတ်

0
378

ရေသတ္တဝါ အရှင်များအား ဖမ်းဆီး၊ရောင်းဝယ်၊တင်ပို့၊စုဆောင်းခြင်းမပြုရမည့် ကာလသတ်မှတ်

ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံရှိ ရေချို/ ရေငန်ရေပြင်များတွင် ငါး/ပုစွန်မျိုးများ မပြုန်းတီး စေဘဲငါး/ပုစွန်အထွက်တိုးစေရန်၊ မျိုးကောင်းမျိုးသန့်များရေရှည်တည်တံ့တိုးပွားလာစေရန်နှင့် ငါးသယံဇာတ များထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ရေသတ္တဝါများ၏ မိတ်လိုက်၊ မျိုးပွားရာသီချိန်ကာလတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူ၊ စုဆောင်းခြင်းမပြုကြရန် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များဖြင့် တားမြစ်ထားပြီးဖြစ်သည်။

ယခုတွင် ရေသတ္တဝါ(အရှင်)အမျိုးအစားအချို့အား သတ်မှတ်ကာလတစ်ခုပြု၍ ဖမ်းဆီး၊ စုဆောင်း၊ ရောင်းဝယ်၊ တင်ပို့ခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်လိုက်သည်ကိုတွေ့ရသည်။

စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဟုလည်း ငါးလုပ်ငန်းဦးစီးဌာနက သတိပေးထားသည်ဟုသိရသည်။

ရေသတ္တဝါ(အရှင်)အမျိုးအစားအချို့အား သတ်မှတ်ကာလတစ်ခုပြု၍ ဖမ်းဆီး၊ စုဆောင်း၊ ရောင်းဝယ်၊ တင်ပို့ခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်လိုက်ရာတွင် (က) ကျောက်ပုစွန်၊ ကင်းပုစွန်နှင့်ငါးလင်ပန်းအား ဇွန်လ(၁)ရက်နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့အထိ ဝယ်ယူစုဆောင်းခွင့်ကာလ သတ်မှတ်ထားသည်ဟုသိရသည်။

ကျောက်ငါး အား ဇူလိုင်လ(၁)ရက်နေ့မှ စက်တင်ဘာလ(၃၀)ရက်နေ့အထိ၊ ရေချိုငါးအားလုံးကို မေလ(၁)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ၊ ရေငန်ပုစွန်ကို ဇွန်လ(၁)ရက်နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့အထိ သတ်မှတ်ထားသည်ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here