ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်နိုင်ငံတော်တည် ငြိမ်ရေးဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများအနေဖြင့် နားလည်မှု၊ယုံကြည်မှုတို့ဖြင့်ပူးပေါင်းဆောင်ရွက်စေလိုဟု ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းပြော

0
264

ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်နိုင်ငံတော်တည် ငြိမ်ရေးဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများအနေဖြင့် နားလည်မှု၊ယုံကြည်မှုတို့ဖြင့်ပူးပေါင်းဆောင်ရွက်စေလိုဟု ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းပြော

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းမှ CCTV သတင်းဌာန၏ မြန်မာ နိုင်ငံတစ်ဝှမ်းတွင် မကြာခနပေါက်ကွဲမှုများ၊ပစ် ခတ်မှုများနှင့်မီးရှို့ဖျက်ဆီးမှုများသည် လာမည့်နှစ်၌ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအပေါ်သက်ရောက်မှုများရှိနိုင်လားနှင့်ပတ်သက်သည့် မေးခွန်းအားပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် တစ်ကမ္ဘာလုံးအား ကြေ ညာကာ စီမံဆောင်ရွက်လျက်ရှိပြီး ပြင်ဆင်မှုအ မျိုးမျိုး(ဥပမာ-ပန်းခင်းစီမံချက်ကဲ့သို့)နိုင်ငံသားအားလုံးမှန်ကန်စွာမဲပေးနိုင်ရေးအတွက် မှတ် ပုံတင်ပြုလုပ်ပေးလျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် မိမိတို့နိုင်ငံနှင့်သင့်လျော်သည့် ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် သွားမည့်လမ်းကြောင်းအား သက်ဆိုင်ရာပါတီများနှင့်တွေ့ဆုံ၍ ရွေးဆွဲလျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

“စစ်မှန်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့အတွက် နေ ရာတိုင်းမှာ တည်ငြိမ်ဖို့လိုအပ်တာကြောင့် လက်ရှိမိမိတို့အနေနဲ့ ရွေးကောက်ပွဲကို ရည်မှန်းချက်ထားပြီး နိုင်ငံတည်ငြိမ်စေဖို့ကိုဆောင်ရွက်လျက်ရှိပါတယ် ဒါ့ကြောင့် အတတ်နိုင်ဆုံးရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ နိုင်ငံတော်တည်ငြိမ်ရေးဆောင် ရွက်တဲ့အခါမှာ ပြည်ပနိုင်ငံတွေအနေနဲ့လည်း မိမိတို့နိုင်ငံအပေါ်မှာ နားလည်မှု ယုံကြည်မှုတွေနဲ့ပူးပေါင်းဆောင်ရွက်စေလိုပါတယ်”ဟု ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းကပြောသည်။

ထို့ပြင် အနောက်နိုင်ငံများမှ မိမိတို့နိုင်ငံအပေါ် အမျိုးမျိုးသော မီဒီယာနည်းလမ်းများ အခြားနည်းလမ်းများဖြင့် သတင်းတု၊သတင်းမှားများအားဖော်ပြ၍ မိမိတို့နိုင်ငံအပေါ် ကျဥ်းထဲကြပ်ထဲရောက်စေရန်ဆောင်ရွက်လျက်ရှိသည်ဟုပြော သည်။

မိမိနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များအား ပြည် ပနိုင်ငံများအနေဖြင့် နားလည်မှု၊ယုံကြည်မှုများနှင့်အတူ နိုင်ငံသားများ၏အကျိုးအား ရှေးရှု့၍ပူး‌ ပေါင်းဆောင်ရွက်ပေးပါက မျှော်မှန်းထားသည့် ရွေးကောက်ပွဲအားကျင်းပပြီး ဒီမိုကရေစီနိုင်ငံ တော်အသစ်တစ်ခု မလွဲမသွေရောက်နိုင်လိမ့်မည်ဟုပြည်ထောင်စုဝန်ကြီးကပြောကြားဖြေဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here