ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အသိပေးထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်

0
262
ပုံစာ _(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ဓါတ်ပုံ

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အသိပေးထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်

ပုံစာ _(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ဓါတ်ပုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဧပြီ ၂၂ ရက်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ၂၀၂၂ ခုနှစ်၊နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုများအား ရပ်စဲပေးထားကာ အဘက်ဘက်မှကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု အသိပေးရေးသားထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ ၄ ရက်သည် စိန် ရတုလွတ်လပ်ရေးနေ့ဖြစ်၍ ၂ဝ၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ကာ တစ်နိုင်ငံလုံးလက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအား ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးကိစ္စများအား လက်တွေ့ကျကျထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များနှင့်ကိုယ်တိုင်တွေ့ ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားပြီးဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှထုတ်ပြန်ရေးသားထားသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဆွေး နွေးမှုများပြုလုပ်နိုင်ရန် ဖိတ်ခေါ်ထားသည့်ကာ လနှင့်တွေ့ဆုံဆွေးနွေးစဉ်ကာလအတွင်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်း ချမ်းရေးအား ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊လှုပ်ရှားခြင်း၊နယ်မြေချဲ့ထွင်ခြင်း၊လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့ဝင်များ၏ တပ်စ ခန်းများအားတိုက်ခိုက်ခြင်း၊တပ်ဌာနချုပ်များအား နှောင့်ယှက်တိုက်ခိုက်ခြင်းများမပြုရန် ထုတ်ပြန်အသိပေးရေးသားထားသည်။

ယင်းသို့ လုပ်ဆောင်ပါက တပ်မတော်အနေဖြင့် လိုအပ်သည့်အရေးယူတုန့်ပြန်မှုများအား ဆောင် ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အသိပေးထုတ်ပြန်ရေးသားထားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here