မန္တလေးပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း ၇၀၀ကျော်တက်ရောက်

0
495

မန္တလေးပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း ၇၀၀ကျော်တက်ရောက်

မန္တလေးပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၂) သင်တန်းသားသင်တန်းသူများ ကြိုဆိုပွဲကို ယမန်နေ့က အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာခေတ်တွင် ဆရာဆရာမများက ပဲ့ကိုင်သူ များဖြစ်ပြီး လိုရာသွားမည့် တပည့်များကို ပညာလှေကိုစီးပြီး အရောက်ပို့ပေးရန်အတွက် လှော်ခတ်ကြမည့်သူများ လည်းဖြစ်သည့်အတွက် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်နိုင်သည့် ပညာ့ဥယျာဉ်မှူးများဖြစ်ကြောင်း၊ ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာဖြစ်ပါကြောင်းနှင့် မိမိတတ်ထားသည့်ပညာဖြင့် ပြည်သူအတွက် တိုင်းပြည်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာအောင် ကြိုးစားသင်ကြားပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယခုဖွင့်လှစ်သည့် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၂)သင်တန်းတွင် အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်း ကျောင်းအုပ် သင်တန်းသားသင်တန်းသူ စုစုပေါင်း ၇၇၄ ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ ဇန်နဝါရီမှ နိုဝင်ဘာအထိဖြစ်ပြီး အနီးကပ် သင်တန်းကို ဧပြီ ၂၀ ရက်မှ မေ ၂၅ ရက်အထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here