ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်သည့်အပေါ် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တိုင်ပင်ပြီးမှသာ သဘောထား တုန့်ပြန်မည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာဆို

0
170

ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်သည့်အပေါ် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တိုင်ပင်ပြီးမှသာ သဘောထား တုန့်ပြန်မည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာဆို

မြန်မာ့ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်သည့်အပေါ်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်ပင်ဆွေးနွေးပြီးမှသာ သဘောထားတုန့်ပြန်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ထို့အပြင် တွေ့ဆုံဆွေးနွေးမှုသည် တန်းတူရည်တူရှိခြင်း၊ အဓိပ္ပါယ်ပြည့်ဝသည့်​​ဆွေး​နွေးပွဲဖြစ်ရန်လိုအပ်ခြင်းနှင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်လေးစားသည့် ဆွေးနွေးပွဲဖြစ်ရန်လိုအပ်ကြောင်း ဆိုသည်။

” အဲ့ဒီဖိတ်ခေါ်မှုနဲ့အစီအစဥ်ကိုနည်းနည်းလေ့လာရမှာပေါ့ဗျာ။သွားမယ်မသွားဘူးဆိုတာလည်းချက်ချင်းလက်ငင်းကြီးလဲအဖြေပေးလို့မရဘူးပေါ့။နောက်တစ်ချက်က ကျွန်တော်တို့က တစ်ဖွဲ့တည်းနေတာမဟုတ်ဘူး။ အစုအဖွဲ့နဲ့ ကျွန်တော်တို့လက်မှတ်ထိုး (၁၀) ဖွဲ့လုံးက နည်းနည်းတိုင်ပင်ရမှာပေါ့။ ယေဘူယျ ခြုံငုံပြီးတော့ပြောရင် ဖိတ်ခေါ်တယ် ငြိမ်ချမ်းရေးအတွက်တံခါးဖွင့်တယ်ဆိုတာက ကောင်းတဲ့လက္ခဏာလို့ပြောနိုင်တာပေါ့။တံခါးမဖွင့်ဘူး မဖိတ်ခေါ်ဘူးချေမှုန်းမယ် တိုက်မယ်ခိုက်မယ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၎င်းကိုယ်တိုင် ရိုးသားပွင့်လင်းစွာတွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်ကြောင်း နစက ဥက္ကဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့တွင် နိုင်ငံပိုင်ရုပ်သံမီဒီယာမှတဆင့် ငြိမ်းချမ်းရေးအတွက်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်တစ်ဦးစီနှင့် ကိုယ်စားလှယ်နှစ်ဦးတက်ရောက်နိုင်ပြီး၊၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းကြရန် ပြောကြားထားသည်။

PPST၏ စုဖွဲ့မှုတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀) ဖွဲ့ဖြစ်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယင်း တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here