Commercial flight များအား ဗဟိုမှချမှတ်ထားသည့် Guidelines နှင့် SOP များအတိုင်း လိုက်နာဆောင်ရွက်လျှက်ရှိဟု နစက ၏ကျန်းမာ ရေးဝန်ကြီးဌာနထုတ်ပြန်

0
107

Commercial flight များအား ဗဟိုမှချမှတ်ထားသည့် Guidelines နှင့် SOP များအတိုင်း လိုက်နာဆောင်ရွက်လျှက်ရှိဟု နစက ၏ကျန်းမာ ရေးဝန်ကြီးဌာနထုတ်ပြန်

ပြည်ပနိုင်ငံများမှပြန်လည်ဝင်ရောက်လာသူများတွင် Quarantine Centre ဝင်ရသည့်ရက်များ ကွဲ ပြားရခြင်းနှင့်ပတ်သက်၍ ပြည်သူများရှင်းလင်းစွာသိရှိနိုင်စေရန် နစက ၏ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ် commercial flight များအား ဗဟိုမှချမှတ်ထားသည့် Guidelines နှင့် SOP များအတိုင်း လိုက်နာဆောင် ရွက်ပေးလျှက်ရှိကာ SOP အရ commercial flight ဖြင့်ဝင်ရောက်သူများအား ရောဂါဝင်ရောက်မှုနှင့်မျိုးဗီဇပြောင်းကိုဗစ်(၁၉)ရောဂါ ပိုးဝင်ရောက်မှုအား တားဆီးရန်ဦးစားပေးဆောင်ရွက်မှုများအရ သတ်မှတ် ဟိုတယ်တွင် ၁ ရက် စောင့် ဆိုင်း၍ RT PCR ဖြင့် negative ဖြစ်သည့်အဖြေစောင့်ဆိုင်းရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် commercial flight ဖြင့်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများအား Quarantine Centre များသို့ပို့ဆောင်ခြင်းနှင့် RT PCR စစ်ဆေးခြင်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ ဆောင် ရွက်ပေးလျက်ရှိကာ အထူးကိစ္စအနေဖြင့် commercial flight ဖြင့် ဝင်ရောက်လာပြီးအမှန်တကယ်ငွေကြေးအခက်အခဲရှိသူများသည် RT PCR စစ်ဆေးခြင်းအား အခမဲ့ရရှိရန် တာဝန်ရှိသူများအား တင်ပြ၍ခွင့်ပြုချက်ရယူနိုင်သည်။

ထို့အတူ ကယ်ဆယ်ရေးလေယာဥ်ဖြင့်ပြန်လည်ဝင်ရောက်လာသူများ Quarantine ဝင်ရာ၌ ကာ ကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူများသည် ၅ ရက်နှင့်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးချင်းမရှိသေးပါက ၇ ရက်အထိလျော့ချပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများအ နက် ငွေကြေးအခက်အခဲရှိသူများအားလေဆိပ်တွင်ယာယီစုစည်း၍ အထူးကိစ္စအနေဖြင့်တာဝန် ရှိသူများထံတင်ပြကာ YRTA ၏ ကူညီမှုဖြင့် Quarantine Centre များသို့ ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ ပို့ဆောင်ရာ၌ ရောဂါပြန့်ပွားမှုမရှိစေရေး၊မျိုးဗီဇပြောင်းကိုဗစ်(၁၉)ရောဂါပိုးများ ထပ်မံ ဝင်ရောက်မှုမရှိစေရေး၊ Quarantine ဝင်ရောက်သူများ အဆင်ပြေစေရေး၊ RT PCR စစ်ဆေးပေးနိုင်ရန်နှင့်စစ်ဆေးချက်အဖြေအားအချိန်တိုအ တွင်းရရှိရေးအတွက် Swab-Team များ၊ဓာတ်ခွဲနမူနာများအဆင်ပြေစွာပို့ဆောင်နိုင်ရေး၊ခရီးသည်စီးနင်းလာသည့် လေယာဉ်အလိုက်သီးခြားစီခွဲ ခြားထားရေး၊ညအချိန် ရောက်ရှိလာသည့် လေ ယာဉ်ခရီးစဉ်များအတွက် ပို့ဆောင်ရာတွင် လုံခြုံ ရေးအစီအမံများဆောင်ရွက်နိုင်ရေး၊ Quarantine Centre တွင်သယ်ယူပို့ဆောင်ရေးကားလမ်း ကြောင်းနှင့်လုံခြုံရေးအရ စီမံခန့် ခွဲဆောင်ရွက်ရန် အဆင်ပြေရေးတို့အား အဓိကထားဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပို့ဆောင်ရာတွင်လည်း ပရဟိတ Quarantine Centre များမှာ၎င်းတို့ လက်ခံနိုင်သည့်နိုင်ငံ၊အဖွဲ့အစည်းနှင့်ကြိုတင်စည်းကမ်းသတ်မှတ်ချက်များရှိ၍ လူမျိုး၊ဘာသာ၊ဆိုက်ရောက်နိုင်ငံမရွေး လက်ခံပေးနိုင်သည့် Centre များသို့ချိတ်ဆက်ပို့ ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်အရ ဖြေလျှော့မှုများအား တစ် ဆင့်ချင်းပေးအပ်ရခြင်းဖြစ်၍ ကော်မာရှယ်လေယာဥ်များတွင် ရောဂါပိုးတွေ့ရှိမှုများအား ၂ ပတ်ခန့်စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုသွားမည်ဟု သိရသည်။

ထိုသို့ စောင့်ကြပ်ကြည့်ရှု့သွားကာ ရောဂါပိုးတွေ့ရှိရမှုနှုန်းနည်းပါးပါက ဆက်လက်ဖြေလျှော့မှုများဖြစ်သည့်(ဥပမာ-ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RT PCR ဖြင့် ရောဂါပိုးစစ်ဆေး၍ ပိုးမတွေ့ရှိကြောင်းအဖြေနှင့်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူပြီးကြောင်းပါရှိပါက လေယာဉ်ဆိုက်ရောက်ပြီးသည်နှင့် RDT ဖြင့် စစ်ဆေးကာ ပိုးမတွေ့ရှိပါက သွားလို့သည့်နေရာသို့သွားနိုင်မည်ဖြစ်ခြင်း)အပြင် ထပ်မံ၍အဆင့်ဆင့်ဖြေ လျှော့ပေးခြင်းများအား ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

အလားတူ ပြည်တွင်းသို့ပြန်လည်ဝင်ရောက်လာမည့်သူများအနေဖြင့် လိုက်ပါစီးနင်းမည့် လေယာဥ်သည် commercial flight (သို့)relief flight အမျိုးအစားတို့အားတိကျစွာသိရှိရန် လိုအပ်ပြီး လိုအပ်ချက်များအား ကြိုတင်သိရှိ၍ အဖက်ဖက်မှကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လို အပ်ကာသင့်တော်သည့် လေကြောင်းခရီးစဥ်အား ကြိုတင်ရွေးချယ်စီးနင်းရန်လိုအပ်သည်ဟု နစက ၏ကျန်းမာရေးဝန်ကြီးဌာနမှအသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် သက်ဆိုင်ရာလေကြောင်းလိုင်းတာဝန်ရှိသူများ၊လက်မှတ်ရောင်းအေးဂျင့်များအနေဖြင့်လည်း လေယာဥ်လက်မှတ်ဝယ်ယူသူများအား ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက် ၍ တိကျသေချာစွာနားလည်သည်အထိ ရှင်းလင်းပြောကြားပြီးမှသာ ရောင်းချရန်လိုအပ်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here