မိုင်းပေါက်ကွဲ၍ဒဏ်ရာရကာဆေးကုသမှုခံယူနေရသော ကိုရင်လေးအားဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို)က ဂိလာနဒါန နဝကမ္မလှူဒါန်းငွေများထောက်ပံ့

0
234

မိုင်းပေါက်ကွဲ၍ဒဏ်ရာရကာဆေးကုသမှုခံယူနေရသော ကိုရင်လေးအားဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို)က ဂိလာနဒါန နဝကမ္မလှူဒါန်းငွေများထောက်ပံ့

မိုင်းပေါက်ကွဲ၍ဒဏ်ရာရကာဆေးကုသမှုခံယူနေရသော ကိုရင်လေးအားဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို)က ယနေ့ ဧပြီလ ၂၃ ရက်တွင် ဂိလာနဒါန နဝကမ္မလှူဒါန်းငွေများထောက်ပံ့ခဲ့ကြောင်း အဆိုပါ အသင်းက သိရသည်။

ပြီးခဲ့သည့် ဧပြီလ၂၁ရက်က စစ်ကိုင်းတိုင်းဒေသကြီး ၊ ဆားတောင်မြို့နယ်ရှိသိမ် ချောင်းရွာကစန္ဒမုနိ ကျောင်းအနီးလမ်းအဝင်တံတား၌ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဆွမ်းကြွသည့် ကိုရင်လေး ၃ ပါးအနက် နှစ်ပါးမှာ ပျံလွန်တော်မူပြီး ကျန်တစ်ပါးမှာမန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ ဆေးကုသမှုခံယူနေရခြင်း ဖြစ်သည်။

ကိုရင်လေး ၃ ပါးလုံးမှာ အသက် ၁၀ နှစ်အရွယ်များ ဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အဆိုပါ ကိုရင်လေး ရှင်ပညာနန္ဒအား မန္တလေးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဥက္ကဌဦးကြည်စိန် ဦးဆောင်သောအဖွဲ့မှ သွားရောက်တွေ့ဆုံဖူးမျှော်အားပေးစကားပြောကြားခဲ့ကာ ယင်းတို့အပါအဝင် အသင်းသားတို့၏ ဂိလာနဒါန နဝကမ္မလှူဒါန်းငွေများကို ကူညီထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရှင်ပညာနန္ဒ ၏ လူအမည်မှာ ပိုင်ချစ်သူဖြစ်ပြီး ခမည်းတော် ဦးကြည်မောင်နှင့်မယ်တော်ဒေါ်ချောတို့၏သားဖြစ်ကြောင်း၊ဘယ်လက်မလက်တစ်ဆစ်ပြတ်၊ညာဘက်လက်မကျိုး၊ဘယ်ခြေထောက်အရိုးကျိုးစသည့် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here