ငြိမ်းချမ်းရေးစကားပြောရန် လိုအပ်နေပြီဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်သည့်အပေါ် ကြိုဆိုကြောင်း ဒေါ်စောမြရာဇာလင်းဆို

0
122

ငြိမ်းချမ်းရေးစကားပြောရန် လိုအပ်နေပြီဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်သည့်အပေါ် ကြိုဆိုကြောင်း ဒေါ်စောမြရာဇာလင်းဆို

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားသည် ငြိမ်းချမ်းရေးစကားပြောရန်လိုအပ်သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖိတ်ခေါ်သည့်အပေါ်ကြိုဆိုကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

မြန်မာနိုင်ငံ၏လက်ရှိအနေအထားသည် ငြိမ်းချမ်းရေးစကားပြောရန်လိုအပ်ပြီး၊ ပြည်သူလူထုတစ်ရပ်လုံးငြိမ်းချမ်းရေးအသီးအပွင့်ခံစားနိုင်စေရန် ယခုဖိတ်ခေါ်မှုသည် ငြိမ်းချမ်းရေးအတွက်လမ်းကြောင်းသစ်တစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟုဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုအတွက် ဖိတ်ခေါ်လာသည့်အပေါ်တိုင်းရင်းသားအဖွဲ့အစည်းများကလည်း ယခင်ထက်ငြိမ်းချမ်းရေးလမ်းကြောင်းပိုမိုပွင့်လင်းလာစေရန်ပြိုင်တူတွန်းရန်လိုအပ်သည်ဟုလည်း ၎င်းကပြောသည်။

“လက်ရှိမြန်မာတစ်နိုင်ငံလုံးအတွင်းမှာ ခံစားနေရတဲ့ပြည်သူလူထုတစ်ရပ်လုံးရဲ့စိုးရိမ်သောကကို ကျွန်မတို့ဖြေဖျောက်နိုင်ဖို့ရန်အတွက်ရာ ဆိုရင်စကားမပြောလို့မရဘူး။ ငြိမ်းချမ်းရေးစကားဝိုင်းကိုမဖန်တီးလို့မရဘူး။ကျွန်မတို့အနေနဲ့ငြိမ်းချမ်းရေးစကားဝိုင်းကိုရောက်အောင် တစ်ပြည်လုံးရဲ့သောကတွေကိုဖြေဖျောက်နိုင်ပြီးတော့မှတိုင်းရင်းသားတစ်ရပ်လုံးရဲ့အခွင့်အရေးတွေကို ဒီလိုအချိန်မျိုးမှာဖန်တီးခဲ့ရင် သူရဲကောင်းပါဘဲ။”ဟု ရှင်းပြသည်။

တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲသည်လည်း နှစ်ပေါင်း၇၀ကျော်ရှိလာပြီဖြစ်သည့်အတွက် ယခုတွေ့ဆုံပွဲတွင် အချိန်ကြာရန်မသင့်တော်တော့ကြောင်း ၎င်းကဆိုသည်။

ယင်းအတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ Win Win ပေါ်လစီ ဖြစ်ရန်လိုအပ်ကြောင်းလည်း သုံးသပ်ပြောကြားသည်။

” တိုင်းရင်းသားလက်နက်ကိုင်တွေဘာ့အတွက်လက်နက်ကိုင်လာရသလဲဆိုရင်အခြေခံအကြောင်းအရင်းကတော့ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးပါဘဲ။ လူမျိုးတစ်မျိုးတိုင်း တစ်မျိုးတိုင်းမှာခံယူချက် ရည်မှန်းချက်သည် ကိုယ့်တိုင်းပြည်ကိုစီမံခန့်ခွဲနိုင်စွမ်းရှိဖို့ ကိုယ့်တိုင်းပြည်ရဲ့အရင်းအမြစ်တွေကိုအသုံးချပြီးတော့ကိုယ့်ရဲ့တိုင်းပြည်အတွက် ကိုယ်ရဲ့ပြည်နယ်အတွက် အကောင်းဆုံးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆိုတဲ့စဥ်းစားချက်တွေ ရည်မှန်းချက်တွေရှိကြပါတယ်။ ဒါဟာဆိုရင် ဖက်ဒရယ်စနစ်တည်ဆောက်ရေးပါဘဲ။ ဒီလိုတည်ဆောက်ရေးအတွက်တပ်မတော်ဘက်က ဘယ်လောက်အထိစဥ်းစားပေးနိုင်မလဲ ဘယ်လောက်အထိအလျော့ပေးနိုင်မလဲ အပေးအယူမျှပြီးတော့မှ ကိုယ့်ဘက်ကအမြင် သူ့ဘက်ကအမြင် ကိုသွားရမယ်။တစ်ဖက်တည်းကနိုင်တယ်ဆိုတာမျိုးကိုသွားဖို့မဟုတ်ဘူး။ နှစ်ဘက်စလုံးက win win ပေါ်လစီဖြစ်အောင်တော့ကြိုးပမ်းနိုင်တဲ့အနေအထားရှိရမယ်။ အရိုးသားဆုံးအပွင့်လင်းဆုံးတစ်ဖက်ကိုတစ်ဖက်ပြောရမယ် ငါလုပ်တဲ့အလုပ်သည် ငါနေတဲ့တိုင်းပြည်တစ်ခုလုံးပြောင်းလဲရေးအတွက်ဖြစ်တယ်ဆိုတဲ့စဥ်းစားချက်က ဆွေးနွေးဝိုင်းကိုရောက်လာကြတဲ့သူတွေအားလုံးမှာခံယူချက်တွေရှိပြီးတော့မှ စဥ်းစားတဲ့အခါမှာ တစ်ခုတည်းပေါ်မှာ မူတည်တဲ့ပုံစံ(ဥပမာ – ဖက်ဒရယ်စနစ်)မျိုးစဥ်းစားနိုင်ရင်ကျွန်မတို့အောင်မြင်မှုကိုရနိုင်မယ်လို့မြင်ပါတယ်။ တိုင်းပြည်ရဲ့အနေအထားကလည်းအခုအချိန်မှာအင်မတန်မှ စိတ်ပူစရာတွေရှိတယ်ဆိုတော့ အဆိုးဆုံးအခြေအနေ ကနေ အကောင်းဆုံးအခြေကိုမရောက်ဘူးလို့ဘယ်သူမှမပြောနိုင်ပါဘူး။”ဟု ဆိုသည်။

လက်ရှိတွေ့ဆုံဆွေးနွေးပွဲ အောင်မြင်ခြင်းမအောင်မြင်ခြင်းသည် ငြိမ်းချမ်းရေးတွေ့ဆုံပွဲသို့တက်ရောက်ကြမည့် တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီ၏ လုပ်ဆောင်ချက်ပေါ်တွင်မူတည်ကြောင်းဆိုသည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံးနိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး၏ တပ်မတော်အနေဖြင့် နိုင်ငံရေးမှ အပြီးထွက်ခွာသွားရန်ဆိုသည့်စကားအပေါ် ” ပဒိုစောတောနီးရဲ့အမြင်ကိုလည်းကျွန်မတို့မငြင်းဆန်ဘူး။ ဖြစ်နိုင်ရင် တစ်ဖြည်းဖြည်းချင်းသွားနိုင်တဲ့အခြေအနေကိုလက်ခံနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တွေရှိသလို၊ တစ်ခါတည်းနဲ့ဖယ်ရှားချင်တဲ့ပုဂ္ဂိုလ်တွေရှိကြပါတယ်။ ဒီအပေါ်မှာ မြန်မြန်အကောင်အထည်ဖော်ဖို့လိုတယ်။အချိန်ယူတယ်ဆိုပြီး နှစ်သုံးလေးဆယ်ဆိုပြီးအချိန်ဆွဲနေတာမျိုးကလည်း ကျွန်မတို့လုံးဝအချိန်ဆွဲနေလို့မသင့်တော်တော့ဘူး။ နှစ်ပေါင်းလည်း၇၀ ကျော်နေပြီ။”ဟု သုံးသပ်ပြောကြားသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here