ဒေါက်တာဇော်မြင့်မောင်စွဲဆိုခံထားရသည့်အမှုများအတွက် ခံပြသက်သေအဖြစ်ဒေါ်အောင်ဆန်းစုကြည်ထွက်ဆိုဖို့ရာ ရှိနေ၊ရုံးတော်ဘက်က ဆင့်ခေါ်ထားကြောင်းသိရ

0
137

ဒေါက်တာဇော်မြင့်မောင်စွဲဆိုခံထားရသည့်အမှုများအတွက် ခံပြသက်သေအဖြစ်ဒေါ်အောင်ဆန်းစုကြည်ထွက်ဆိုဖို့ရာ ရှိနေ၊ရုံးတော်ဘက်က ဆင့်ခေါ်ထားကြောင်းသိရ

ဒေါက်တာဇော်မြင့်မောင်စွဲဆိုခံထားရသည့်အမှုများနှင့်ပတ်သတ်ပြီး ခံပြသက်သေများအား ဒေါက်တာဇော်မြင့်မောင်၏ရှေ့နေများကတင်သွင်းလျှက်ရှိနေရာ ထိုထဲ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်ဟုသိရသည်။

ခံပြသက်သေအဖြစ်ဒေါက်တာဇော်မြင့်မောင်ဘက်မှ ဒေါ်အောင်ဆန်းစုကြည်သည် ထွက်ဆိုဖို့ရာ ရှိနေကြောင်း ရှေ့နေ့အသိုင်းအဝိုင်းနှင့်နီးစပ်သူအချို့ထံမှ သိရသည်။

ရုံးတော်ဘက်က ဒေါ်အောင်ဆန်းစုကြည် ခံပြသက်သေအဖြစ်ထွက်ဆိုနိုင်ရေး သမ္ဗာန်စာဆင့်ခေါ်ထားကြောင်း ရှေ့နေများ၏ပြောကြားထားမှုများအရသိရသည်။

လုံခြုံရေးအရ၊အခြားအခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဒေါက်တာဇော်မြင့်မောင်၏တရားခွင်သို့ လူကိုယ်တိုင်လာရောက်ဖို့ရာမလွယ်ကူဘဲ ဗီဒီယိုစနစ်ဖြင့်ထွက်ဆိုဖို့ များနေသည်ဟု ရှေ့နေတစ်ဦးကမှတ်ချက်ပြုသည်။

ယခုလာမည့် ရက်သတ္တပါတ်ထဲ သက်သေထွက်ဆိုပေးဖို့ရာ အနေအထားရှိနေသည်ဟုလည်းသိရသည်။

ဒေါက်တာဇော်မြင့်မောင်စွဲဆိုခံထားရသည့်အမှုများနှင့်ပတ်သတ်ပြီး ခံပြသက်သေများတင်ထားရာတွင် ခေတ္တဝန်ကြီးချုပ်တာဝန်ယူခဲ့ဖူးသည့် တိုင်းဝန်ကြးဟောင်းဦးဇာနည်အောင်ကိုပါ ခံပြသက်သေအဖြစ်တင်သွင်းထားသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here