ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါက်တာခက်အောင် အဂတိမှု ၄ မှုအတွက် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရ

0
157

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါက်တာခက်အောင် အဂတိမှု ၄ မှုအတွက် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရ

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါက်တာခက်အောင်အား တရားစွဲဆိုထားသည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ အမှု ၄ မှုအတွက်ထောင်ဒဏ် ၁၂ နှစ်အမိန့်ချမှတ်ခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။

မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်တရားလွှတ် တော်မှ ဧပြီ ၂၂ ရက်တွင် ဒေါက်တာခက်အောင်အပါအဝင် ပြည်နယ်ဝန်ကြီး ၆ ဦးတို့အား အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်ဝန် ကြီးများဖြစ်သည့် ဦးဝေလင်းအား ထောင်ဒဏ် ၉ နှစ်အမိန့်ချမှတ်ခဲ့ပြီး ဦးနေဝင်း၊ဦးဇော်ဝင်း၊ဦးဝင်းညွန့်၊ဦးဒါရှိလဆိုင်းနှင့်ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ် တို့အား ထောင်ဒဏ် ၃ နှစ်စီအမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

“ဝန်ကြီးချုပ်နဲ့ပြည်နယ်ဝန်ကြီးတွေကို ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့ထဲကဖမ်းပြီး အမှုတွေတစ်ခုပြီးတစ်ခုနဲ့တရားစွဲလိုက် ထောင်ဒဏ်ချလိုက်နဲ့လုပ်နေတာပဲ”ဟုရှေ့နေတစ်ဦးကပြော သည်။

လက်ရှိအချိန်တွင် ဒေါက်တာခက်အောင်နှင့်ပြည် နယ်ဝန်ကြီးများအား မြစ်ကြီးနားအကျဥ်းထောင် ၌ ထိန်းသိမ်းထားကာ ကျန်းမာရေးကောင်းမွန်ကြကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here