တစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းခွင့်ရရှိသူ ၅၇၀၀၀ ကျော်ထဲ နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာပါဝင်မှု ဝေဖန်ထောက်ပြမှုများရှိ

0
76

တစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းခွင့်ရရှိသူ ၅၇၀၀၀ ကျော်ထဲ နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာပါဝင်မှု ဝေဖန်ထောက်ပြမှုများရှိ

တစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇၀၀၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာပါဝင်ကြောင်း ISP မြန်မာက ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မှ ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်အတွင်း နိုင်ငံရေးအပြောင်းအလဲအပေါ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် နစက အနေဖြင့် ၁၃၂၉၃ ဦး ကို ထိန်းသိမ်းထားသည့်အနက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက် အတွင်း နိုင်ငံတစ်ဝန်းလုံးက အကျဉ်းထောင်များမှ စုစုပေါင်း ၅၇၀၉၁ ဦးကို လွတ်ငြိမ်းခွင့် ၇ ကြိမ်ပေးရာတွင်နိုင်ငံရေးအကျဥ်းသား ၄၅၅၆ဦး ပါဝင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ၂၃၃၁၄ ဦး၊ ဧပြီလ ၁၇ ရက်တွင် ၂၃၄၀၇ ဦး၊ ဇွန်လ ၃၀ ရက်တွင် ၂၂၉၆ ဦး၊ အောက်တိုဘာလ ၁၈ ရက်တွင် ၅၆၃၆ ဦး ရှိခဲ့ကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ၈၁၄ ဦး၊ မတ်လ ၂ ရက်တွင် ၅ ဦး၊ ဧပြီလ ၁၇ ရက်မှာ ၁၆၁၉ ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသူ ၅၇၀၉၁ ဦးတွင် နိုင်ငံရေးနှင့်ဆက်နွယ်ဖမ်းဆီး၊ ချုပ်နှောင်ခံ ရသူ ၄၅၅၆ ဦးခန့် သာ ပါဝင်ခဲ့ခြင်းဖြစ်သောကြောင့် ယင်းအရေအတွက်မှာ စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေ၏ ရှစ်ရာခိုင်နှုန်းသာ ရှိကြောင်းနှင့် ကျန် ၉၀ ရာခိုင်နှုန်းကျော်ကတော့ နိုင်ငံရေးနှင့် ဆက်နွယ်ခြင်းမရှိသော အခြား ပြစ်မှု ၊ပြစ်ဒဏ်များဖြင့် အကျဉ်းကျခံနေရသူများဖြစ်ကြောင်းလည်း ၎င်း ထုတ်ပြန်ချက်အရ သိရသည်။

“များများစားစားပါသင့်တာပေါ့။နှစ်ဆန်းတစ်ရက်လွတ်ငြိမ်းဆို ဘယ်သူမှ ပါမလာဘူး။ဒါကဝေဖန်စရာဖြစ်လာတာပေါ့”ဟု နိုင်ငံအရေးလေ့လာနေသူတစ်ဦးကထောက်ပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here