မြန်မာပြည်မှ ထွက်သွားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီများနေရာတွင်အခြားသူများ ပြန်လည်နေရာယူကြမည်ဖြစ်၍ ရင်းနှီးမြှုပ်နှံမှု ပမာဏလျော့သွားရန်မရှိဟုဆို

0
244

မြန်မာပြည်မှ ထွက်သွားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီများနေရာတွင်အခြားသူများ ပြန်လည်နေရာယူကြမည်ဖြစ်၍ ရင်းနှီးမြှုပ်နှံမှု ပမာဏလျော့သွားရန်မရှိဟုဆို

ဆင်ဟွာသတင်းဌာန၏ မကြာသေးမီက မြန်မာပြည်က ထွက်သွားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီများက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ရာခိုင်နှုန်းမည်မျှရှိကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

မြန်မာ ပြည်က ထွက်သွားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီ သုံးခု ပေါင်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်းသည် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်းလည်းပြောသည်။

Total Energies ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်ရှိသည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့အတူ Chevron ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံ မှုမှာ ၁ ဒသမ ၆ ရာခိုင်နှုန်း၊ Woodside ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၅ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ယင်းကုမ္ပဏီများ ထွက်ခွာသွားခြင်းသည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့် ပြဿနာ မရှိကြောင်းပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြန်လည်ဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အရေးကြီးသည်မှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ တရုတ် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၇ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းကုမ္ပဏီ သုံးခုပေါင်း ရင်းနှီးမြှုပ်နှံမှုထက်ပိုများပါကြောင်း၊ ယင်းကုမ္ပဏီများ ထွက်သွားသော်လည်း စာချုပ်များအရ ယင်းထွက်သွားသည့် နေရာများတွင် အခြားသူများ ပြန်လည်နေရာယူကြမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏလျော့သွားရန်မရှိကြောင်း ဆင်ဟွာသတင်းဌာနအားဖြေကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here