မြဝတီမြို့ရှိ ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၁)တံတားအနီး၌ ကားပေါ်မှဗုံးပေါက်ကွဲမှုဖြစ်ပွား

0
166

မြဝတီမြို့ရှိ ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၁)တံတားအနီး၌ ကားပေါ်မှဗုံးပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ်၊မြဝတီမြို့ရှိ ထိုင်း-မြန်မာချစ် ကြည်ရေးအမှတ်(၁)တံတားခြေရင်း၌ ဧပြီ ၂၃ ရက်ည ၁၁ နာရီကျော်ခန့်က ကားပေါ်မှတဆင့်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ပေါက်ကွဲမှုကြောင့် ချစ်ကြည်ရေးတံတားတွင် ဖွင့်လှစ်ထားသည့် လူဝင်မှုစစ်ဆေးရေးရုံးအ ဆောက်အဦးမှာပျက်စီးဆုံးရှုံးသွားခဲ့ပြီး အ ဆောက်အဦးအချို့လည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“မြဝတီ-မဲဆောက်တံတားမှာ ညကပေါက်ကွဲသံအကျယ်ကြီးကြားရပြီး ညမိုးချုပ်ကြီးဖြစ်နေတော့ အပြင်ထွက်ပြီးတော့မကြည့်ရဲဘူး အိမ်ထဲမှာပဲနေရတယ် မနက်ကမှစုံစမ်းကြည့်တော့ ကားပေါ်ကနေဗုံးပေါက်တာတဲ့ ပြောရရင်တော့ ဗုံးဆင်ထားတဲ့ကားနဲ့ဖောက်ခွဲမှုလုပ်တာလို့ထင်တာပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဥ်တွင် မီးလောင်ပျက်စီးနေသည့်ကားနှစ်စီးအားလုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

“ညကတော့ မြဝတီမှာ ပေါက်ကွဲသံရယ် ပစ်ခတ်မှု ၂ နေရာလောက်ရယ်ရှိခဲ့တယ် ဒဏ်ရာရတဲ့လူတွေရှိ မရှိဆိုတာကတော့ ကျွန်တော်လည်းမသိဘူး”ဟုဒေသခံတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here