ပုလောမြို့တွင် လဘက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ

0
127

ပုလောမြို့တွင် လဘက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ

တနင်္သာရီတိုင်း၊ပုလောမြို့၊အမှတ်(၄)ရပ်ကွက်ရှိ လဘက်ရည်ဆိုင်တွင်ထိုင်နေသည့် ဦးဇာနည်အောင်သည် ဧပြီ ၂၃ ရက်ညနေ ၄ နာရီခွဲခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ဦးဇာနည်အောင်သည် လဘက်ရည်ဆိုင်၌ မိတ် ဆွေများနှင့်ထိုင်နေစဥ် အမည်မသိအမျိုးသားများက သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

“သူက အခု‌နောက်ပိုင်းအပြင်ထွက်တာသိပ်မတွေ့ရတော့ဘူး ထွက်တာနည်းသွားတယ် ဒီနေ့လဘက်ရည်ဆိုင်ထိုင်နေတုန်း သူ့ကိုသေနတ်နဲ့ဝင်ပစ်သွားကြတာ ကျွန်တော်သိရသလောက်ဆိုရင် ဦးဇာနည်အောင်က ကြံ့ခိုင်ရေးပါတီက အမတ်တစ်ယောက်လို့သိထားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဇာနည်အောင်၏ ဦးခေါင်းနှင့်မျက်စိတို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ပုလောမြို့အခြေစိုက်လူ မှုကူညီရေးအသင်းကားဖြင့် မြိတ်မြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“ပစ်ခံရတဲ့အချိန်မှာ သေဆုံးတာမရှိသေးတဲ့အ တွက် ဆေးရုံကိုအမြန်ခေါ်သွားကြတာတွေ့တယ် သေဆုံးတာဖြစ် မဖြစ်ကတော့ကျွန်တော်လည်းမသိဘူး စစ်သားတွေရဲတွေလည်းရောက်လာပြီး စစ်ဆေးခဲ့ကြတယ်”ဟုဒေသခံတစ်ဦးကပြော သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here