ရွှေဘိုမြို့ မူးရေပေးဝေသည့် မြောင်းအတွင်း ခေါင်းဖြတ်ခံထားရသည့် ရုပ်အလောင်း သုံးလောင်း တွေ့ရှိ

0
427

ရွှေဘိုမြို့ မူးရေပေးဝေသည့် မြောင်းအတွင်း ခေါင်းဖြတ်ခံထားရသည့် ရုပ်အလောင်း သုံးလောင်း တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ တောင်တံခါးမူးရေပေးဝေသည့် မြောင်းအတွင်း ခေါင်းဖြတ်ခံထားရသည့် ရုပ်အလောင်းသုံးလောင်းကို ဧပြီ ၂၂ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း ရွှေဘိုမြို့အခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” လူသေလောင်းသုံးလောင်းပါ။ မူးရေမြောင်းထဲမျှောလာတာမှန်ပါတယ်။ ညီမတို့ ဆယ်ယူတဲ့ အလုပ် မလုပ်ခဲ့ပေမယ့် ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ဒါမျိုးတွေ မျှောလာတာ မကြာမကြာပါဘဲ။ ရွှေဘိုရဲ့ အထက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတဲ့နေရာတွေရှိတော့ အဲ့ဒီကဘဲ မျောပါလာတာလား၊ ဒါှမဟုတ်အခြား နေရာကဘဲလားဆိုတာတော့ မသိဘူး။ အများပြောသလိုဆိုရင် ခေါင်းဖြတ်သတ်ပြီးမှ ရေထဲမျှောလိုက်တဲ့ ပုံမျိုးလို့တော့ကြားရပါတယ်” ဟု ရှင်းပြသည်။

မူးရေပေးဝေသည့် မြောင်းဆိုသည်မှာ မူးမြစ်အတွင်းမှ ရေအား ရွှေဘိုမြို့ရှိ လယ်ကွင်းများအတွင်း ရေရရှိရန် သွယ်တန်းပေးထားသော ရေနှုတ်မြောင်းဖြစ်ကြောင်း ဆိုသည်။

ယင်းနှင့်ပတ်သက်၍လည်း ဒေသတွင်း လူမှုကွန်ရက်စာမျက်နှာများအပေါ်တွင် ဖြန့်ဝေထားသည့် ပုံများကို တွေ့ရှိရပြီး ၊ မူးမြစ်အတွင်း ဧပြီ ၂၃ ရက်နေ့က ပုပ်ပွနေသည့် အမျိုးသားရုပ်အလောင်းတစ်လောင်းကို တွေ့ရှိရသည့်အပြင် ဧပြီ ၁ ရက်နေ့၌လည်း ရေဦးမြို့နယ် ၊နှောကုန်းကျေးရွာအနီး၌ အလားတူ လူသေအလောင်း နှစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here