မြဝတီ-ကော့ကရိတ်အာရှ အမြန်လမ်းမကြီးတွင် ​​ပြေးဆွဲ​နေသော ကားများအားပစ်ခတ်ခြင်းများမပြုရန် လက်အောက်ခံ တပ်မဟာ/တပ်ရင်းများကို ဗိုလ်ချုပ်ကြီး စောဂျော်နီ သတိပေးတားမြစ်

0
316

မြဝတီ-ကော့ကရိတ်အာရှ အမြန်လမ်းမကြီးတွင် ​​ပြေးဆွဲ​နေသော ကားများအားပစ်ခတ်ခြင်းများမပြုရန် လက်အောက်ခံ တပ်မဟာ/တပ်ရင်းများကို ဗိုလ်ချုပ်ကြီး စောဂျော်နီ သတိပေးတားမြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို အလုပ်အမှုဆောင်ကော်မတီ၏ ဆုံးးဖြတ်ချက်အရ မြဝတီ- ကော့ရိတ် အာရှအမြန် လမ်းမကြီးပေါ်တွင် အကြောင်းမဲ့ ပစ်ခတ်ခြင်းပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေးယူမည်ဟု လက်အောက်ခံ တပ်မဟာများကို စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက သတိပေး တားမြစ်လိုက်သည်။

ယင်း အကြောင်းကြားစာကို ဧပြီ ၂၃ ရက်ရက်စွဲဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို စစ်ဦးစီးဋ္ဌာနချုပ်ရှိ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက လက်အောက်ခံ တပ်မဟာ (၆) နှင့် တပ်မဟာ (၇) တို့ထံ ပေးပို့ အကြောင်းကြားထားခြင်းဖြစ်သည်။

ယင်း အကြောင်းကြားစာတွင် မြဝတီ-ကော့ကရိတ် အမြန်လမ်းမကြီးပေါ်တွင် ပြေးဆွဲနေသော ခရီးသည်တင်မော်တော်ယာဉ်များ၊ အရပ်သားကားများ၊ ကုန်တင်မော်တော်ယာဉ်များအား အကြောင်းမဲ့ နှောင့်ယှက် ပစ်ခတ်ခြင်း ၊ မီးရှို့ ဖျက်ဆီးခြင်းများ မပြုလုပ်ရန် သက်ဆိုင်ရာ မိမိတို့ တပ်မဟာ၊ တပ်ရင်းအသီးသီးရှိ အောင်ခြေအဆင့်ဆင့် တပ်မှူးတပ်သားများကို ထပ်မံညွှန်ကြားရန်ရေးသား ဖော်ပြထားသည်။

လက်ရှိတွင် ပြည်တွင်း ကုန်သွယ်စီးဆင်းမှု၌ ဒုတိယအရေးပါသော မြဝတီ- ကော့ကရိတ် အမြန်လမ်းမကြီးပေါ် တွင် ဖြတ်သန်းသွားလာနေသော အရပ်သားပြည်သူများ၏ ကားများ ကုန်တင်ယာဉ်များကို မကြာခဏဆိုသလို ပစ်ခတ်၊ မီးရှို့ဖျက်ဆီးခံရခြင်းများ ကြုံတွေ့နေရခြင်း လည်းဖြစ်သည်။

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here