မူဆယ်မြို့၌မြစ်အတွင်း ပျောက်ဆုံးခဲ့သည့် ကလေးငယ်အားရှာဖွေတွေ့ရှိခြင်းမရှိသေးဘဲ လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ရုပ်အလောင်းကိုသာတွေ့

0
179

မူဆယ်မြို့၌မြစ်အတွင်း ပျောက်ဆုံးခဲ့သည့် ကလေးငယ်အားရှာဖွေတွေ့ရှိခြင်းမရှိသေးဘဲ လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ရုပ်အလောင်းကိုသာတွေ့

ရှမ်းပြည်(မြောက်ပိုင်း)၊မူဆယ်မြို့ရှိ ရွှေလီမြစ်အတွင်း ရေဆင်းကူးသည့် ကလေးငယ်တစ်ဦးသည် ဧပြီ ၂၂ ရက်နေ့လည် ၃ နာရီခန့်က ပျောက်ဆုံးသွားခဲ့ကြောင်း မူဆယ်မြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှသိရသည်။

အဆိုပါ ကလေးငယ်သည် အသက် ၁၂ နှစ်အရွယ်ခန့်ရှိ အမျိုးသားကလေးငယ်တစ်ဦးဖြစ်ကာ ၎င်း၏သူငယ်ချင်းများနှင့်အတူရေဆင်းကူးရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပျောက်ဆုံးနေမှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊မူဆယ်မြို့အခြေစိုက်လူမှုကူညီရေးအသင်းများနှင့်အနီးပတ်ဝန်းကျင်ရှိသူများက စတင်ပျောက်ဆုံးခဲ့သည့်အချိန်မှစ၍ ရှာဖွေခဲ့ကြသည်။

“ရှာဖွေရေးတွေကတော့လုပ်နေတာပဲ မတွေ့သေးဘူး တဲပေါ်ကနေမြစ်ထဲကိုခုန်ချပြီးရေဆင်းဆော့ရာကနေပျောက်သွားတာလို့သိရတယ် စပိဘုတ်တွေနဲ့ပါရှာဖွေရေးတွေလုပ်နေပါတယ်”ဟုမူဆယ်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပျောက်ဆုံးနေသည့် ကလေးငယ်အားရှာဖွေမှုများပြုလုပ်စဥ် ရှာဖွေရေးအဖွဲ့ဝင်များမှ အမည်မသိအမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“ဟုတ်တယ် လူလတ်ပိုင်းအမျိုးသားတစ်ယောက်ရဲ့ရုပ်အလောင်းကိုတွေ့ခဲ့တယ် ရှာတွေ့တဲ့အချိန်မှာ ကျွန်တော်ကအသင်းရုံးကိုခနရောက်နေတဲ့အချိန်ဖြစ်တဲ့အတွက်မတွေ့လိုက်ဘူး ရှာတွေ့တာတော့မှန်တယ် နှလုံးလှလူမှုကူညီရေးအသင်း(မူဆယ်)က နာရေးတင်ကားနဲ့ဆေးရုံရင်ခွဲရုံကိုပိူ့ပေးလိုက်တယ်လို့သိရတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်ပျောက်ဆုံးနေသည့် ကလေးငယ်အား ဆက်လက်ရှာဖွေမှုများပြုလုပ်လျက်ရှိပြီး ရေစီးဆင်းနေသဖြင့် စတင်ရေနစ်ပျောက်ဆုံးခဲ့သည့်နေရာနှင့်မြစ်ကြောင်းတစ်လျှောက်၌ ရှာဖွေမှုများပြုလုပ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here