မြစ်ကြီးနားမြို့တွင် နယ်မှအလုပ်လာလုပ်နေသည့် အမျိုးသား ၂ ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ

0
116

မြစ်ကြီးနားမြို့တွင် နယ်မှအလုပ်လာလုပ်နေသည့် အမျိုးသား ၂ ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ

 

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်၊နယ်မြေ ၁၅ တွင် နယ်မှာလာရောက်၍အလုပ်လုပ်နေသည့် အမျိုးသား ၂ ဦး ဧပြီ ၂၄ ရက်(ယနေ့) မွန်းတည့် ၁၂ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ် ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ အမျိုးသား ၂ ဦးအား အမည်မသိလက် နက်ကိုင်များက သေနတ်များဖြင့် လာရောက်ပစ် ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေတယ် မသေဘူးဆိုတာတော့ မသိရဘူးပေါ့ ၂ ယောက်လုံးကိုတော့ လူနာတင်ကားနဲ့ဆေးရုံကိုတင်ခေါ်သွားတာတွေ့တယ် နယ်ကနေအလုပ်လာလုပ်နေကြတဲ့လူတွေပါ ဘယ်လိုကြောင့်ပစ်ခံရတာလဲမသိဘူး သူတို့ ၂ ယောက်နာမည်တွေကိုလည်းကျွန်တော်မသိဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အမျိုးသား ၂ ဦးတွင်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်နေရာမှကျည်ခွံများအား လုံခြုံရေးအဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ များအားဖမ်းဆီးရမိရေးအတွက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here