ပေါင်မြို့နယ်၌ ရော်ဘာကြိတ်သားများတင်လာသည့် ကွန်တိန်နာကားလမ်းလယ်၌တိမ်းမှောက်

0
117

ပေါင်မြို့နယ်၌ ရော်ဘာကြိတ်သားများတင်လာသည့် ကွန်တိန်နာကားလမ်းလယ်၌တိမ်းမှောက်

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ရွာတန်းရှည်ကျေးရွာရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၏ မိုင်တိုင်အ မှတ်-၁၆၂/၂ နှင့် ၁၆၂/၃ ကြားတွင် ဧပြီ ၂၄ ရက်နံနက်ပိုင်းက တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်တိန်နာကားသည် မော်လမြိုင်မြို့ဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာစဥ် ရွာတန်း ရှည်ကျေးရွာ၏ ကွာလီကွေ့အနီး လမ်းလယ်၌ အ ရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းလယ်မှာအရှိန်မထိန်းနိုင်ဘဲမှောက်သွားတာဆိုတော့ လမ်းပိတ်နေတာကြောင့် ရဲတွေရောက် လာပြီး ကားတွေသွားလို့အဆင်ပြေအောင်အရင်ဆုံးလုပ်ပေးခဲ့ကြတယ် မှောက်နေတဲ့ကားကိုတော့ နေ့လည် ၁ နာရီလောက်အထိမဖယ်နိုင်သေးဘူး” ဟုဒေသခံတစ်ဦးကပြောသည်။

ကွန်တိန်နာကားတိမ်းမှောက်မှုဖြစ်စဥ်တွင် ကားမောင်းသူ ကိုတင့်နိုင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

“ကားမှောက်တဲ့နေရာက ကျွန်တော်တို့ရွာတန်း ရှည်ကျေးရွာအပိုင်ထဲမှာဖြစ်သွားတာ ကွာလီကွေ့မှာပါ မနက် ၉ နာရီဝန်းကျင်လောက်ထဲကဖြစ်နေတာ ကားကြီးကတုံးလုံးလဲနေတာ”ဟု မေတ္တာရှင်လူမှုကူညီရေးအသင်း- ရွာတန်းရှည်၊ပေါင်မြို့နယ်၏ တာဝန်ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here