ကျေးလက်နေပြည်သူများသည် တိုင်းရင်းဆေး ဝါးများအား အဓိကအားကိုးကြသဖြင့် တိုင်းရင်းဆေးခန်း၊ဆေးရုံများအား အရှိန်အဟုန်မြှင့်ဖွင့်လှစ်ပေးမည်

0
134

ကျေးလက်နေပြည်သူများသည် တိုင်းရင်းဆေး ဝါးများအား အဓိကအားကိုးကြသဖြင့် တိုင်းရင်းဆေးခန်း၊ဆေးရုံများအား အရှိန်အဟုန်မြှင့်ဖွင့်လှစ်ပေးမည်

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)သွားရောက်၍ ပါမောက္ခချုပ်၊ဆရာ၊ဆရာမများ၊တာဝန်ရှိသူများနှင့်တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)သည် မြန်မာ နိုင်ငံတွင်တစ်ခုတည်းသော တိုင်းရင်းဆေး တက္ကသိုလ်ဖြစ်ကာ တိုင်းရင်းဆေးဝါးစက်ရုံနှင့်တိုင်းရင်းဆေးဥယျာဉ်များအား ရေရှည်တည်တံ့ခိုင်မြဲစေရန် ပြင်ဆင်ထိန်းသိမ်းရမည်ဟုပြောသည်။

အလားတူ တိုင်းရင်းဆေးတက္ကသိုလ်စာကြည့် တိုက်၌ထိန်းသိမ်းထားသည့် ရှေးဟောင်းပေ၊ပုရ ပိုက်များအား ရည်ညွှန်းကျမ်းများအနေဖြင့် သား စဉ်မြေးဆက်အသုံးပြုနိုင်ရန်၊သဘာဝဘေးအန္တ ရာယ်ခံနိုင်ရည်ရှိရန်နှင့်မပျက်စီးစေရန် ထိန်းသိမ်းသွားရမည်ဟု ပြည်ထောင်စုဝန်ကြီးကပြော သည်။

” Research and Development Center အတွက်လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေနဲ့စက်ပစ္စည်းတွေကိုလည်းအမြန်ဆုံးဖြည့်ဆည်းပေးသွားမှာပါ”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် ကျေးလက်နေပြည်သူများသည် မိရိုးဖလာ မြန်မာ့တိုင်းရင်းဆေးဝါးများအား အဓိကထားအားကိုးကြ၍ တိုင်းရင်းဆေးခန်း၊ဆေးရုံများအား အရှိန်အဟုန်မြှင့်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်သွားမည်ဟုပြောသည်။

“တိုင်းရင်းဆေးပညာ ဘွဲ့လွန်သင်တန်းတွေဖွင့်လှစ်နိုင်ဖို့ စီစဉ်ပေးသွားမှာပါ”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် တိုင်းရင်းဆေးတက္ကသိုလ်ပြတိုက်၊စာ ကြည့်တိုက်နှင့်ဘွဲ့နှင်းသဘင်ခန်းမတို့အား ကြည့် ရှုစစ်ဆေးခဲ့သည်။

အလားတူ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းအား တိုင်းရင်းဆေးတက္ကသိုလ်ပါမောက္ခ ချုပ်ဒေါက်တာသိန်းဇော်လင်း၊ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ(မန္တလေး)၊ ဆေးရုံအုပ် ဒေါ်မိုးသီတာဝင်း၊တိုင်းရင်းဆေးဝါး ဆေးရုံ၊စက်ရုံမှူး ဦးသန်းထွန်းအောင်၊ရေတံခွန်တောင်နှင့်ဖောင်းတော ပရဆေးဥယျာဉ် တာဝန်ခံတို့က လုပ်ငန်းဆောင် ရွက်ထားရှိမှုများနှင့်လိုအပ်ချက်များအား ရှင်း လင်းတင်ပြခဲ့ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here