ချောင်းဦးမြို့ ရန်အောင်မြေရပ်ကွက်ရှိ ကိုမင်းခန့်ဇော်ပိုင်နေအိမ်ချိတ်ပိတ်ခံရ

0
176

ချောင်းဦးမြို့ ရန်အောင်မြေရပ်ကွက်ရှိ ကိုမင်းခန့်ဇော်ပိုင်နေအိမ်ချိတ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့၊ရန်အောင်မြေရပ် ကွက်ရှိ နေအိမ်တစ်လုံးအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ဧပြီ ၂၄ ရက်ညနေပိုင်းက ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ နေအိမ်ပိုင်ရှင်ဖြစ်သူ ကိုမင်းခန့်ဇော်သည် ဧပြီ ၂၄ ရက်နံနက်အစောပိုင်းက ချောင်းဦးမြို့ နယ်၊မဲသဲကြိုးဝိုင်းအနီးရှိ ချောင်းဦး-အမြင့်သွားကားလမ်းတွင် လက်လုပ်မိုင်းထောင်နေသူများအား လုံခြုံရေးအဖွဲ့ဝင်များဖမ်းဆီးရာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

“စစ်သားတွေနဲ့ရဲတွေလာပြီး ချိတ်ပိတ်သွားတဲ့အိမ်မှာ ကိုမင်းခန့်ဇော်မနေတာကြာပြီ ချိတ်ပိတ်တယ်ဆိုတာကိုရေးထားတဲ့ ဗီနိုင်းလာကပ်သွားတယ် ကိုမင်းခန့်ဇော်ကတော့ သေဆုံးသွားပြီလို့သိရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

လက်လုပ်မိုင်းထောင်စဥ် ပစ်ခတ်ဖမ်းဆီးခံရသူ ကိုမင်းခန့်ဇော်နှင့်အတူ AK 47 ၁ လက်၊၎င်းကျည် ၂၀၂ တောင့်၊လက်လုပ်လက်ပစ်ဗုံး ၂ လုံး၊ ၇ ဒသ မ ၆၂ ကျည် ၁ တောင့်၊ မိုင်းခွဲရာတွင်သုံးသည့် ဆင်းကတ် ၂ ကတ်၊ ကီးပတ်ဖုန်း ၁ လုံး၊စိတ်ကြွ ဆေးပြား ၁ ပြား၊မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ပိုက်တံ ၁ ချောင်း၊မှတ်ပုံတင်နှင့်ကားမောင်းလိုင်စင် တို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ကားလမ်းမှာလက်လုပ်မိုင်းထောင်နေတယ်ဆိုတာကိုသိရလို့ သွားဖမ်းတဲ့အချိန်မှာ လက်လုပ်မိုင်းထောင်တဲ့အဖွဲ့က ပြန်ပြီးပစ်ခတ်ခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရတာပါ နှစ်ဖက်အပြန်အလှန်ဖြစ်ခတ်မှုအချိန်အနည်းငယ်ဖြစ်ခဲ့ပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ကိုမင်းခန့်ဇော် သေဆုံးသွားခြင်းအား ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာ၌ ဝမ်းနည်းကြောင်းသ ဝဏ်လွှာထုတ်ပြန်ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here