ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ဇနီး သေနတ်ဖြင့်ပစ်သတ်ခံရ

0
81
ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ဇနီး သေနတ်ဖြင့်ပစ်သတ်ခံရ
ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်၊ကျုံကျိုက်ကျေး ရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအေးကိုနှင့်ဇနီးဖြစ်သူတို့သည် ဧပြီ ၂၄ ရက်ည ၉ နာရီကျော်ခန့်က နေအိမ်၌သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအေးကိုနှင့်ဇနီးဖြစ်သူတို့ နေအိမ်၌ရှိနေစဥ် လက်နက်ကိုင်အဖွဲ့ဝင်များရောက်ရှိလာကာ နေအိမ်ပေါ်တက်၍ သေနတ်များဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေနတ်သံတွေကော အုပ်ချုပ်ရေးမှူးမိန်းမအော်တဲ့အသံတွေကော တခြားလူတွေအော်တဲ့အသံတွေကောကြားရတယ် သေနတ်သံတွေကြောင့်ကျွန်တော်တို့လည်း မသွားရဲဘူးလေ အသံတွေတိတ်သွားပြီး အချိန်းနည်းနည်းကြာမှသွားကြည့်တော့ နှစ်ယောက်လုံးကသေနတ်နဲ့ပစ်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲမှာလဲနေကြပြီ”ဟုဒေသခံတစ်ဦးကပြောသည်။
သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် ရပ်ကျေးအုပ် ချုပ်ရေးမှူးဦးအေးကိုနှင့်ဇနီးဖြစ်သူတို့သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်အား ဖျာပုံခရိုင်တပ်ပေါင်းစု(ဘိုကလေးဧရာဗေဒါ)အဖွဲ့နှင့်မအူပင်မြို့ သေမင်းလက်ရာအဖွဲ့တို့ ပူးပေါင်း၍ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာများ၌ ရေးသားထားသည်။
အခင်းဖြစ်နေအိမ်အား လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here