မြဝတီတံတားဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ထိုင်းနယ်စပ်တစ်လျောက်လုံခြုံရေးတင်းကြပ်ထား

0
274

မြဝတီတံတားဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ထိုင်းနယ်စပ်တစ်လျောက်လုံခြုံရေးတင်းကြပ်ထား

ကရင်ပြည်နယ်၊ မြဝတီမြို့ ၊အမှတ်(၁)ချစ်ကြည်ရေးတံတား(မြန်မာဘက်အခြမ်း) ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ထိုင်းနယ်စပ် မဲဆောက်ဘက်တွင် လုံခြုံရေးတင်းကြပ်ထားကြောင်း ဒေသခံအချို့ထံမှသိရသည်။

” မဲဆောက်ဘက် တံတားဘက်ရော၊ ရေပေါ်စျေးအနားတစ်ဝှက် မှာထိုင်းစစ်တပ်နဲ့ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကြပ်ထားတာတွေ့ရတယ်။ မြဝတီတံတား ထိုင်းဘက်ခြမ်းတင်မဟုတ်ဘူး နယ်စပ်တစ်လျောက်ထိုင်းစစ်တပ်က လုံခြုံရေး တွေချထားတယ်။ ဗုံးကွဲပြီး နောက်ပိုင်း မဲဆောက်ဘက်ခြမ်း တံတားထိပ်မှာတောင် အခုရက်ပိုင်းလူအသွားအလာနည်းတယ်။ စစ်ဆေးမှုတွလည်း တင်းကြပ်ထားတယ်”ဟု မဲဆောက်အတွင်းနေထိုင်သူ မြန်မာ လုပ်သားတစ်ဦးကဆိုသည်။

လက်ရှိတွင် ထိုင်းဘက်ခြမ်းတွင် Naresuan အရေးပေါ်လုံခြုံရေးကုမ္ပဏီနှင့် ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မဲဆောက်မြို့အတွင်း ကင်းလှည့် စစ်ဆေးမှုများလည်းရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၃ ရက် ညပိုင်းက မြဝတီဘက်အခြမ်း အမှတ်(၁)ချစ်ကြည်ရေးတံတား တွင် ဗုံးကွဲတိုက်ခိုက်ခံခဲ့ရပြီး၊ ယင်းတိုက်ခိုက်ခံရမှုသည် မဲဆောက်ဘက်အခြမ်းအထိပါ အသံကျယ်လောင်စွာကြားခဲ့ရကြောင်းသိရသည်။

ယင်းနေ့ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် မြဝတီဘက်ခြမ်း တံတားထိပ်ရှိ စစ်ဆေးရေးအဆောက်အအုံတစ်ခု ပျက်ဆီးဆုံးရှုံခဲ့သည့်အပြင် ပတ်ဝန်ကျင်ရှိအဆောက်အအုံအချို့နှင့် ကားအချို့ပါထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုအပြီးလုံးခြုံရေးတပ်ဖွဲ့ဝင်များ၊နယ်ခြားစောင့်တပ်များက လုံခြုံရေးတိုးမြှင့်ချထားပြီး၊ မီးလောင်ကျွမ်းသည့် မော်တော်ယာဥ်အချို့ကိုလည်းမီးငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။

နိုင်သမျှအကောင်းဆုံးပံ့ပိုးပေးဖို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အခြားသူတွေနဲ့အတူ အနီးကပ် လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။

ကယားပြည်နယ်က နေရပ်စွန့်ခွာလာတဲ့မိသားစုတွေကို တတ်နိုင်သမျှအကောင်းဆုံး ကူညီပံ့ပိုးပေးလျက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကွင်းဆင်းဆောင်ရွက်တာ ၄ လကြာ ရှိပြီဖြစ်ပေမယ့် ဆောင်ရွက်စရာတွေ ရှိနေသေးတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ အိုင်စီအာစီက ဒီကနေ့ဧပြီ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here