တိုက်ပွဲရှောင် မိသားစု‌ ၁၃၀၀ကျော်အား ICRC ဆန်လှူ

0
99

တိုက်ပွဲရှောင် မိသားစု‌ ၁၃၀၀ကျော်အား ICRC ဆန်လှူ

ကယားပြည်နယ်အတွင်းက ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ဒေသခံမိသားစုတွေဟာ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ကလော၊ ပင်းတယ၊ ရပ်စောက်နဲ့ လဲချားမြို့နယ်တွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ ဆွေမျိုးသားချင်းအိမ်တွေမှာ ခိုလှုံနေကြရတာရှိတာကြောင့် အဲ့ဒီ့မိသားစုတွေကို ဆန်ထောက်ပံ့လှူဒါန်းခဲ့တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ အိုင်စီအာစီက ဒီကနေ့ဧပြီ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။

နေရပ်စွန့်ခွာသွားခဲ့ရသူ အများစုဟာ မြို့ပေါ်မှာ ခိုလှုံနေကြသလို တချို့ကလည်း ရေနဲ့လျှပ်စစ်မီးရရှိဖို့ ပိုမိုခက်ခဲတဲ့ ကျေးလက်ဒေသတွေမှာ ခိုလှုံနေကြရတာမို့ ယခုနှစ် ဇန်နဝါရီလအစောပိုင်းကစတင်ပြီး လားရှိုးမြို့မှာရှိတဲ့မိမိတို့အဖွဲ့နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) တို့ဟာ တိုက်ပွဲရှောင်မိသားစုတွေနေထိုင်နေကြတဲ့ နေရာအများအပြားကို သွားရောက်နိုင်ခဲ့ပြီး သူတို့ရဲ့ အရေးပေါ်လိုအပ်ချက်တွေဖြစ်တဲ့ အစားအစာနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေကို ပံ့ပိုးကူညီပေးနိုင်ခဲ့တယ်လို့ဆက်ပြောပါတယ်။

“မိမိတို့အဖွဲ့တွေဟာ ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ်တို့မှာရှိတဲ့ နေရာ ၃၁ ခုမှာနေထိုင်တဲ့ မိသားစု‌ပေါင်း ၁,၃၄၀ ကို ဆန်ရိက္ခာခွဲတမ်းတွေ ပေးအပ်ခဲ့ပါတယ်”လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ အိုင်စီအာစီကပြောပါတယ်။

အိုင်စီအာရ်စီဝန်ထမ်း နန်းထားထားမေက လူတွေရဲ့ လိုအပ်ချက်တွေကို လေ့လာဆန်းစစ်ပြီး တတ်နိုင်သမျှအကောင်းဆုံးပံ့ပိုးပေးဖို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အခြားသူတွေနဲ့အတူ အနီးကပ် လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။

ကယားပြည်နယ်က နေရပ်စွန့်ခွာလာတဲ့မိသားစုတွေကို တတ်နိုင်သမျှအကောင်းဆုံး ကူညီပံ့ပိုးပေးလျက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကွင်းဆင်းဆောင်ရွက်တာ ၄ လကြာ ရှိပြီဖြစ်ပေမယ့် ဆောင်ရွက်စရာတွေ ရှိနေသေးတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ အိုင်စီအာစီက ဒီကနေ့ဧပြီ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here