စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံအများအပြား နေအိမ်များအားစွန့်ခွာတိမ်းရှောင်နေရ

0
97

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံအများအပြား နေအိမ်များအားစွန့်ခွာတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှရွာသူ၊ရွာသားများသည် နေအိမ်များအစွန့်ခွာ၍ တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

စစ်ကိုင်းမြို့နယ်အတွင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့်ဒေသခံအဖွဲ့များကြားတွင် ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လာနိုင်သည့် အခြေအနေကြောင့် တိမ်းရှောင်နေရခြင်းဖြစ်သည်။

“တိမ်းရှောင်လာတဲ့လူဦးရေက သောင်းကျော်ရှိတယ် လူဦးရေအတိအကျကတော့ သေချာမသိသေးဘူး တိုက်ပွဲနဲ့လွတ်ကင်းမယ်ထင်တဲ့နေရာတွေကိုတိမ်းရှောင်လာကြတာပေါ့ စစ်ကိုင်းမြို့ နယ်ဘက်မှာ စစ်တပ်ကစစ်ရေးလှုပ်ရှားမှုတွေရှိလာတယ်လို့ စစ်ဘေးရှောင်လာတဲ့ရွာသားတွေကပြောကြတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

တိမ်းရှောင်လာသည့် ရွာသူ၊ရွာသားများသည် တိုက်ပွဲဖြစ်ပွားမှုနှင့်လွတ်ကင်းမည့် နေရာများဖြစ်သည့် မြို့ပေါ်နေရာများသို့ ရောက်ရှိလာကြသူ များရှိကာ ရင်းနှီးသူများ၊ဆွေမျိုးများထံသွား ရောက်နေထိုင်သူများလည်းရှိပြီး အချို့ရွာသူ ရွာ သားများမှာ ဘုန်းတော်ကြီးကျောင်းများ၊စာသင် ကျောင်းများနှင့်မြေနေရာလွတ်များ၌ ယာယီတဲထိုး၍ နေထိုင်ကြရသူများလည်းရှိကြောင်း သိရသည်။

“တိမ်းရှောင်လာတဲ့သူတွေအတွက် စားရေရိက္ခာအခက်အခဲတွေဖြစ်နေတယ် နေရာအများစုမှာစစ်ဘေးရှောင်တွေများနေတဲ့အတွက် အခက်အခဲတွေကတော့အများကြီးပဲပေါ့ နောက်ပြီး သက် ကြီးရွယ်အိုနဲ့ကလေးတွေပါ ပါတဲ့အတွက်ဆေးဝါးပစ္စည်းတွေလည်းလိုအပ်နေပါတယ် ရေသန့်က တော့အဓိကလိုအပ်ချက်ပေါ့”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ သာစည်လေး၊ဘုရားလှ၊ညောင်ပင်ရှည်၊သာဇင်၊တလိုင်းကျွန်း၊မူးသာ၊ထန်းတောဆိပ်၊မင်းရွာ၊ရွှေစည်းခုံ၊တောင်မြို့၊အင်းစ၊တောင်ကြား၊ဒီပဲယင်းကွဲ၊မန်ကျည်းကုန်းနှင့်စံသစ်ကျေးရွာများမှ ရွာသူ၊ရွာသားများ တိမ်း ရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here