ဗကသဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား ငြိမ်းစုစီပုဒ်မဖြင့် ဧပြီလ ၂၇ ရက်နေ့တွင် အမိန့်ချရန်ရှိဟုဆို

0
147

ဗကသဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား ငြိမ်းစုစီပုဒ်မဖြင့် ဧပြီလ ၂၇ ရက်နေ့တွင် အမိန့်ချရန်ရှိဟုဆို

ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ငြိမ်းစုစီ ပုဒ်မဖြင့် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် အမိန့်ချမည်ဟု သိရကြောင်း ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးဗျူရို ကယနေ့တွင်ထုတ်ပြန်သည်။

မေလ ၂ ရက်နေ့တွင်လည်း ပုဒ်မ ၅၀၅ (က) ဖြင့်စွဲဆိုထားသောအမှုအား ရုံးထုတ်စစ်ဆေးရန်ရှိနေသည်ဟု အထက်ပါအဖွဲ့ကထည့်သွင်းထုတ်ပြန်ထားသည်။

ကိုဝေယံဖြိုးမိုးသည် ကျောက်တံတားမြို့နယ်တရားရုံးတွင် စွဲဆိုထားသော ပုဒ်မ ၅၀၅ (က) နှင့် ငြိမ်းစုစီ ပုဒ်မ တို့အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၁ လ ချမှတ်ခံထားရသည့်အပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ကမာရွတ်မြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခြင်းခံထားရသည်ဟုသိရသည်။

၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က GSC (ပူးပေါင်း) သပိတ်စစ်ကြောင်းဖြိုခွဲခံရချိန်တွင် ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးဖမ်းဆီးခံခဲ့ရသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here