ပြည်တွင်းစားသုံမှု စားအုန်းဆီ လုံလောက်မှုရှိ၊စျေးမြှင့်ရောင်းချခြင်း၊စျေးကစားရန်သိုလှောင်မှုမပြုလုပ်ရန်သတိပေး

0
205

ပြည်တွင်းစားသုံမှု စားအုန်းဆီ လုံလောက်မှုရှိ၊
စျေးမြှင့်ရောင်းချခြင်း၊စျေးကစားရန်သိုလှောင်မှုမပြုလုပ်ရန်သတိပေး

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှု မူဝါဒဆိုင်ရာ သတင်းများကို ချဲ့ကား၍ ကောလာဟလ သတင်းများ ထုတ်လွှင့်နေမှုအပေါ် စားသုံးသူပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စရာ မလိုအပ်ကြောင်းစီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအသိပေးပြောကြားသည်။

ပြည်တွင်း စားအုန်းဆီ သိုလှောင်ကန်များ၌ ယနေ့တွင် စားအုန်းဆီ လက်ကျန် (31,090 ဒသမ 98) တန်၊ ပိဿာချိန် (19,039,805) ကျန်ရှိရာ ပြည်တွင်းစားသုံးရန် လုံလောက်မှုရှိကြောင်းနှင့် အနယ်နယ်အရပ်ရပ်သို့ နေ့စဉ် ပုံမှန်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပြီး ပြည်ပမှ စားအုန်းဆီ သင်္ဘောများလည်း ပုံမှန်ဝင်ရောက်လျက် ရှိသည်ဟု စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပြောကြားသည်။

ပြည်တွင်း၌ စားသုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ ပြည်တွင်း စားအုန်းဆီ ဈေးကွက်တည်ငြိမ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ပြည်သူများ ဝယ်ယူရရှိ စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက် အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ် စေရေးအတွက် ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းများ ဖြစ်ပေါ်မှုကို အခြေခံ၍ တွက်ချက်ရရှိသည့် ရည်ညွှန်း လက်ကားဈေးနှုန်းကို  အပတ်စဉ် ထုတ်ပြန် ကြေညာပေးလျက်ရှိရာ ယနေ့မှ မေ – ၁ ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး တစ်ပိဿာ လက်ကား ရည်ညွှန်းဈေးနှုန်းကို ငွေကျပ် ၅၆၂၀ ဖြစ်သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here