Online Billing စနစ်ရရှိ​အောင် ​ဆောင်ရွက်ပြီး Online Payment ဖြင့် ပြည်သူများဓာတ် အားခပေးသွင်းနိုင်ရန်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးပြော

0
58

Online Billing စနစ်ရရှိ​အောင် ​ဆောင်ရွက်ပြီး Online Payment ဖြင့် ပြည်သူများဓာတ် အားခပေးသွင်းနိုင်ရန်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးပြော

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးအောင်သန်းဦးက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ ခရိုင်လျှပ်စစ်မန် နေဂျာ၊ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့်တွေ့ဆုံစဥ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်ရှိ ဓာတ်အားလိုင်းနှင့်ထရန်စဖော်မာများ၌ ဓာတ်အားပျောက် ဆုံးမှုလျော့နည်းကျဆင်းစေရေး၊ရောင်း ချထားသည့် ဓာတ်အားခများရရှိရေးတို့နှင့်ပတ်သက်၍ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားတွေ ပြည်သူလူထုဆီကို ဓာတ်အားပျောက် ဆုံးမှုအနည်းဆုံးနဲ့ဗို့ အားပြည့်ဝတည် ငြိမ်စွာနဲ့ အချိန်မီဖြန့်ဖြူးပေးပို့နိုင်ရေးဟာ မိမိတို့ ဝန်ကြီးဌာန၏ အဓိကရည် မှန်းချက်ဖြစ်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးကပြောသည်။

ထို့ကြောင့် ယခင်သုံးစွဲခဲ့သည့် ဓာတ် အားခကြွေးကျန်ကောက်ခံခြင်းများ အပါအဝင် သတ်မှတ်ရက်များအတိုင်း မီတာဖတ်ခြင်း၊မီတာဘေလ်ဝေခြင်းနှင့်ဓာတ်အားခကောက်ခံခြင်းကိစ္စများအား တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်သည်ဟု ပြည် ထောင်စုဝန်ကြီးကဝန်ထမ်းများအား မှာကြားခဲ့သည်။

ထို့ပြင် ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် အနီးကပ်ဆုံးထိတွေ့နေသူများဖြစ်၍ ပြည်သူလူ ထု နားလည်နိုင်စေရန် ရှင်းလင်းပြောကြားရန် လို အပ်ကာ လျှပ်စစ်မီတာများ ပုံမှန်ဖတ်ရှုခြင်းနှင့် Online Billing စနစ်ရရှိစေရန်ဆောင်ရွက်၍ ပြည်သူများ Online Payment စနစ်ဖြင့် ဓာတ်အားခငွေပေးဆောင်နိုင်ရန် ဆောင်ရွက်သွားရမည်ဟုပြောသည်။

“ဓာတ်အားခတွေလာသွင်းရာမှာ အချိန်တိုတိုနဲ့ မြန်ဆန်အဆင်ပြေချောမွေ့စွာ ငွေလက်ခံနိုင်ရေးလိုအပ်သလို ဓာတ်အားသုံးစွဲမှုပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ဖို့ တခြားအရင်းအမြစ်တွေကနေလည်းထုတ်လုပ်နိုင်ဖို့စီစဉ်ဆောင်ရွက်နေပါတယ်”ဟုပြည်ထောင်စုဝန်ကြီးကပြောသည်။

အလားတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများအား တိုးချဲ့ဆောင်ရွက်ရန်လို အပ်ကာ တည်ဆောက်ပြီးဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား စနစ်တကျစီမံဆောင်ရွက်သွားရန်၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး တို့အား အလေးထားဆောင်ရွက်ရမည်ဟု ပြည် ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။

“အခုချိန်မှာ ဓာတ်အားပေးစက်ရုံတွေရဲ့ ထုတ် လုပ်နိုင်မှုဟာ သုံးစွဲမှုထက်လျော့နည်းနေတဲ့အ တွက် ဝန်အားထိန်းညှိတာ၊ဝန်အားလျော့ချရတာတွေကို ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်”ဟု ပြည် ထောင်စုဝန်ကြီးဦးအောင်သန်းဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here