အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၆၀ကျော်ကို တာချီလိတ်တွင်လွှဲပြောင်းပေးအပ်

0
96

အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၆၀ကျော်ကို တာချီလိတ်တွင်လွှဲပြောင်းပေးအပ်

အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား (၁၆၆)ဦးကို တာချီလိတ်မြို့၊ မြန်မာ – ထိုင်း ချစ်ကြည်​ရေးတံတား အမှတ် (၂)တွင် မြန်မာဘက်ကကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ၁၆၆ဦးအပြင် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လိုသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၀)ဦးလည်းပါကာ ယခုလက်ခံမှုသည် ၁၅ကြိမ်မြောက်ဖြစ်သည်ဟုသိရသည်။

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ဧပြီလ (၂၄)ရက်​နေ့ နံနက်ပိုင်းကပြန်လည်လွှဲပြောင်းပေးအပ်မှုအပေါ် မြန်မာနိုင်ငံမှ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် နှင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ခရိုင်လဝကဦးစီးမှူး ဦးဦးသွင် နှင့်အဖွဲ့ဝင်များ တို့က ကြိုဆိုလက်ခံခဲ့ကြပြီး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနိုင် နှင့်ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်- ၁၉ ရောဂါပိုးရှိ/ မရှိ နှာ​ခေါင်းတို့ဖက်၊ အာ​ခေါင်တို့ဖက်ယူ၍ စစ်​ဆေးမှုများ ပြုလုပ်​ပေးခဲ့သည်ဟုသိရသည်။

ယခုကာလအတွင်း ကိုဗစ် မျိုးစိတ်သစ်( အိုမီခရွန် )အား စစ်​ဆေးမှုအ​နေနှင့် ပြန်လည် လက်ခံပြီး​​နောက် (၃)ကြိမ်တိုင် အာ​ခေါင်တို့ဖတ်ယူ၍ စစ်​ဆေးခြင်းများပြုလုပ်ပြီးမှသာ ​နေထိုင်ရာ ​ဒေသအသီးသီးသို့ ပြန်လည် ​စေလွှတ်သွားမည် ဖြစ်​ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများကို ပြန်လည်လွှဲပြောင်းပေးသည်မှာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့မှ ယနေ့အထိ ဧပြီလ (၂၄)ရက်နေ့အထိ (၁၅)ကြိမ်အတွင်း လူပေါင်း (၂၅၃၂)ဦးပြန်လည်ခေါ်ယူခဲ့ကြောင်းနှင့် လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း (၄၇၄၄)ဦးတို့ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့အထိ အကြိမ် (၂၀)မြောက်ပြန်လည်ခေါ်ယူကာ ၎င်းတို့နေရပ်အသီးသီးကိုပြန်လည်စေလွှတ်ခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here