ရန်ကုန် ရွှေပြည်သာမြို့နယ်ရှိ ယာဥ်ထိန်းရဲတပ်ဖွဲ့စခန်းလက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ

0
178

ရန်ကုန် ရွှေပြည်သာမြို့နယ်ရှိ ယာဥ်ထိန်းရဲတပ်ဖွဲ့စခန်းလက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊ ၆ ရပ်ကွက်ရှိ ယာဥ်ထိန်းရဲတပ်ဖွဲ့စခန်း ဧပြီ ၂၆ ရက်ည ၇ နာရီခွဲခန့်က လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံခဲ့ရသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

၆ ရပ်ကွက်၊တော်ဝင်လမ်းရှိ ယာဥ်ထိန်းရဲတပ်ဖွဲ့စခန်းအား အမည်မသိအမျိုးသားများက ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

“ဗုံးပေါက်သံအကျယ်ကြီးကြားပြီ ဆိုင်ကယ်တစ်စီးအပြင်းမောင်းထွက်သွားတဲ့အသံကြားလိုက်ရတယ် ယာဥ်ထိန်းရုံးကိုပစ်သွားတာလို့သိရတယ်” ဟု ၆ ရပ်ကွက်နေသူတစ်ဦးကပြောသည်။

လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ် ပွားခဲ့သည့်နေရာသည် ယာဥ်ထိန်းစခန်းရုံးနှင့်ခြံ စည်းရိုးကြားတွင် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပေါက်ကွဲတဲ့နေရာကိုသိတာက ဖြစ်စဥ်ကိုလာစစ်တဲ့စစ်သားတွေနဲ့အတူ ရပ်မိရပ်ဖတွေလည်းပါတော့ သူတို့ကိုမေးကြည့်တာမှာသိရတာ လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ပြောတယ် ရပ်ထားတဲ့ကားတွေထဲကတစ်ချို့ကားတွေတော့ ရှေ့မှန်တွေကွဲသွားတာလောက်ပဲရှိတယ်တဲ့ အနားဝန်း ကျင်မှာတော့ စစ်ဆေးတာတွေကိုတော်တော်ကြာအောင်လုပ်ကြတယ်”ဟု ၆ ရပ်ကွက်နေသူတစ်ဦးကပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here