သံဖြူဇရပ်မြို့တွင် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရ

0
307

သံဖြူဇရပ်မြို့တွင် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရ


မွန်ပြည်နယ်၊သံဖြူဇရပ်မြို့၊ကျောင်းပိုင်းရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းရှိ ပွိုင့်စားသောက်ဆိုင်တွင် ဧပြီ၂၇ ရက်နံနက်ပိုင်းက ဆိုင်ပိုင်ရှင်ဖြစ်သူသည် အမည်မသိအမျိုးသားနှစ်ဦး၏ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

“သေနတ်နဲ့ ပစ်ခံလိုက်ရတဲ့သူက ပွိုင့်စားသောက်ဆိုင်
ပိုင်ရှင်ဦးကျော်ညီညီလင်းပါ။သူ့ဆိုင်ထဲဝင်ပြီး ပစ်သွားကြတာပါ။အသက်တော့ မသေသေးဘူးလို့ သိရပါတယ်´´ဟု ကျောင်းပိုင်းရပ်ကွက်နေပြည်သူတစ်ဦး
ကပြောသည်။

ဖြစ်စဉ်မှာ ဧပြီ၂၇ ရက်နံနက်၁၁နာရီကျော်က သံဖြူဇရပ်မြို့၊ကျောင်းပိုင်းရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းရှိ ပွိုင့်စားသောက်ဆိုင်သို့ အမည်မသိလူ(၂)ဦး၊ ဆိုင်ကယ်(၁)စီးဖြင့် ရောက်ရှိလာပြီး တစ်ဦးမှ ဆိုင်ရှေ့တွင် ဆိုင်ကယ်ဖြင့် အသင့်စောင့်ဆိုင်းကာ ကျန်(၁)ဦးမှာ ဆိုင်နောက်ပေါက်မှ ဆိုင်တွင်းသို့ ဝင်ရောက် ပြီး မီးဖိုချောင်၌ အသုပ်သုပ်နေသည့် ဆိုင်ပိုင်ရှင် ဦးကျော်ညီလင်း(ခ)သားကြီးအား သေနတ်ဖြင့် (၃)ချက်ပစ်ခတ်ခဲ့ရာ ဦးကျော်ညီလင်း(ခ)သားကြီးတွင် ယာနားထင်ကျည်ဖောက် ဝင်ဒဏ်ရာ(၁)ချက်၊ ယာပါးကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)တို့ရရှိပြီး သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here