ပို့ကုန်ရငွေများအားလုံးအား ပို့ကုန်တင်ပို့သည့်နေ့မှ ၃ လအတွင်း တင်ပို့သူ၏ဘဏ်ငွေစာရင်းသို့မပျက်မကွက်ထည့်သွင်းရမည်

0
111

ပို့ကုန်ရငွေများအားလုံးအား ပို့ကုန်တင်ပို့သည့်နေ့မှ ၃ လအတွင်း တင်ပို့သူ၏ဘဏ်ငွေစာရင်းသို့မပျက်မကွက်ထည့်သွင်းရမည်

ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊နိုင် ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့်အမိန့်ကြော် ငြာစာအမှတ်(၄၆/၂၀၂၁)အရ“နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင် စင်ရရှိသူသည် ပို့ကုန်အမှန်တကယ်တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့သည့် အထောက်အထားများအရ ကုန်စည်များအား သင်္ဘောတင်သည့်နေ့မှ ၃ လအတွင်း ပို့ကုန်တင်ပို့သူများက ပို့ကုန်ရငွေများလက်ခံရရှိခြင်း ရှိ/မရှိ စိစစ်ရမည်” ဟု ပြဋ္ဌာန်းသတ်မှတ်ထားသည်။

ထို ဥပဒေနှင့်စည်းမျဉ်းအရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေများအားလုံးအား ပို့ကုန်တင်ပို့သည့်နေ့မှ ၃ လအတွင်း နိုင်ငံအတွင်းရှိ ၎င်း၏ဘဏ်ငွေစာ ရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်ထည့် သွင်းရမည်ဖြစ်သည်။

သို့ရာတွင် ပို့ကုန်တင်ပို့သူများသည် ပြဌာန်းထားသည့် ဥပဒေ၊စည်းမျဉ်းနှင့်စည်းမျဉ်းပြင်ဆင်ချက်များအားလိုက်နာရန် ပျက်ကွက်လျက်ရှိသည်ဟု ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ပို့ကုန်တင်ပို့သူများသည် ပို့ကုန်ရငွေများအားလုံးအား ပို့ကုန်တင်ပို့သည့်နေ့မှ ၃ လအတွင်း နိုင်ငံတော်အတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရမည်ဟု ဗဟိုဘဏ်မှ ဧပြီ ၂၇ ရက်တွင်ထပ်မံအသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ပြဌာန်းချက်များအား လိုက်နာရန်ပျက် ကွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂-က အရ အရေးယူသွားမည်ဟု ဗဟိုဘဏ်မှအသိပေးထုတ်ပြန်ခဲ့သည်။

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here