မန္တလေးတိုင်းဒေသကြီးNLDပါတီထိပ်ပိုင်းပုဂ္ဂိုလ်များ၏ အမှုများအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်ရွက်နုအောင်ပျောက်ဆုံးနေ

0
239

မန္တလေးတိုင်းဒေသကြီးNLDပါတီထိပ်ပိုင်းပုဂ္ဂိုလ်များ၏ အမှုများအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်ရွက်နုအောင်ပျောက်ဆုံးနေ

ဖမ်းဆီးထိန်းသိမ်းခံထားရသော မန္တလေးတိုင်းဒေသကြီးNLDပါတီထိပ်ပိုင်းပုဂ္ဂိုလ်များ၏ အမှုများအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်ရွက်နုအောင် ပျောက်ဆုံးနေကြောင်း ယနေ့မွန်းလွဲပိုင်းက ၎င်းနှင့်ဆက်စပ်ပတ်သက်သည့်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“မနေ့ကအထိတော့ အိုးဘိုထောင်မှာ ဒေါက်တာဇော်မြင့်မောင်အမှုကိစ္စအတွက်လာသွားသေးတယ်။အဲ့နောက်ပိုင်းမှတော့ မဆက်သွယ်မိတော့ သေချာမသိဘူး။ဒီနေ့မနက်ဖုန်းဆက်ကြည့်တော့ သူ့ဖုန်းပိတ်ထားတယ်´´ဟုဒေါ်ရွက်နုအောင်၏ မိတ်ဆွေတစ်ဦးကပြောသည်။

ဒေါ်ရွက်နုအောင်နှင့်ရင်းနှီးသော အခြားမိတ်ဆွေတစ်ဦးမှလည်း “ကျနော်အနေနဲ့ပြောနိုင်တာက ဒီနေ့မနက်ပိုင်းက သူ့ရဲ့တပည့်တွေကို အမှုကိစ္စတွေအတွက် စီစဉ်ညွှန်ကြားခဲ့သေးတယ်တဲ့။ဒါပေမယ့် သူ့ရဲ့ဖုန်းကတော့ စက်ပိတ်ထားတယ်။ဘာတွေဘယ်လိုဖြစ်လည်းဆိုတာတော့ ကွဲကွဲပြားပြားမသိရသေးဘူး´´ဟုပြောသည်။

ရှေ့နေဒေါ်ရွက်နုအောင် ပျောက်ဆုံးခြင်းနှင့်ပတ်သက်၍ မြို့ခံများက အနီရောင်စစ်ဆင်ရေးအနေဖြင့် ချေ မှုန်းမည်ဟု ကြေညာထားသော သွေးသောက်အဖွဲ့(MDY)၏ ဖမ်းဆီးခြင်းကို ခံထားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုလျက်ရှိသည်။

တစ်ဖက်တွင်လည်း စစ်သားနှင့်ရဲများက ဖမ်းဆီးသည်လည်းဖြစ်နိုင်သည်ဟုသုံးသပ်နေကြသည်။

မည်သူဖမ်းဆီးသွားသည်ဆိုသည်ကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here