ကဝမြို့နယ်၏ မြို့နယ်ရဲတပ်ဖွဲ့မှူး(ငြိမ်း)လဘက်ရည်ဆိုင်ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
148

ကဝမြို့နယ်၏ မြို့နယ်ရဲတပ်ဖွဲ့မှူး(ငြိမ်း)လဘက်ရည်ဆိုင်ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

ပဲခူးတိုင်း၊ကဝမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး (ငြိမ်း)ဦးဝင်းနိုင်သည် ဧပြီ ၂၈ ရက်(ယနေ့)နံနက်ပိုင်းက လဘက်ရည်ဆိုင်၌ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

ဦးဝင်းနိုင်သည် ကဝမြို့၊အမှတ် ၃ ရပ်ကွက်ရှိ လဘက်ရည်ဆိုင်၌ထိုင်နေစဥ် အမည်မသိအမျိုး သား ၂ ဦးမှဆိုင်အတွင်းသို့ဝင်လာကာ သေနတ်ဖြင့်အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နောက်ကျောကနေ အနီးကပ်ပစ်ခံရတယ်လို့သိထားပါတယ် ခေါင်းနဲ့ဇက်ပိုးမှာကျည်ထိမှန်ဒဏ်ရာတွေရသွားတယ် လဘက်ရည်မှာနေတဲ့အချိန်မှာပစ်ခံလိုက်ရတာလို့တော့ အကြမ်းဖျဥ်းသိထားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် ဦးဝင်းနိုင်၏ နောက်စေ့၊ငယ်ထိပ်နှင့်ဇက်ပိုးတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌သေဆုံးသွားခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်ပွားခဲ့သည့်နေရာနှင့်လမ်းမများ၊ရပ်ကွက်များအတွင်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဦးဝင်းနိုင်သည် ကဝမြို့နယ် လုံခြုံရေးနှင့်သတင်းစုံစမ်းရေးအဖွဲ့၏ မြို့နယ် ဥက္ကဋ္ဌတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here