မြဝတီဘဏ်နှင့်အင်းဝဘဏ်တို့တွင် ရုရှားနိုင်ငံဘဏ်များ၌ စာရင်းဖွင့်လှစ်နိုင်ရန် မေလအတွင်း၌ ဆွေးနွေးမည်

0
133

မြဝတီဘဏ်နှင့်အင်းဝဘဏ်တို့တွင် ရုရှားနိုင်ငံဘဏ်များ၌ စာရင်းဖွင့်လှစ်နိုင်ရန် မေလအတွင်း၌ ဆွေးနွေးမည်

ရုရှားနိုင်ငံဗဟိုဘဏ်မှ ရုရှားနိုင်ငံဘဏ် ၅ ဘဏ်သည် စာရင်းဖွင့်လှစ်လိုသည့် မြန်မာနိုင်ငံမှအ မည်စာရင်းပေးပို့ထားသည့် မြဝတီဘဏ်၊အင်းဝဘဏ်၊ Contact Person များနှင့် Video Conference စနစ်ဖြင့်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံဗဟိုဘဏ်မှလည်း နှစ်ဖက်ဘဏ်အ ချင်းချင်း Brief Presentation ပြုလုပ်နိုင်ရန် Video Conference တစ်ခုပြုလုပ်ရန် အကြံပြုခဲ့သည်။

ထို့ပြင် Video Conference အား မေလအတွင်း မြန်မာနိုင်ငံဘက်မှ အဆင်ပြေမည့်ရက်တွင် ကျင်းပလိုသည်ဟု ရုရှားနိုင်ငံဗဟိုဘဏ်မှ အကြောင်းကြားခဲ့သည်။

မြန်မာနိုင်ငံမှလည်း ရုရှားနိုင်ငံဘဏ်များ၌ စာရင်းဖွင့်လှစ်လိုသည့် မြန်မာနိုင်ငံဘဏ်များအနက် မြဝတီဘဏ်၊အင်းဝဘဏ်နှင့် Contact Person များအား ရုရှားနိုင်ငံဗဟိုဘဏ်သို့ပေးပို့ထားပြီးဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံမှလည်း ရုရှားနိုင်ငံဘဏ်များနှင့်မြန်မာနိုင်ငံဘဏ်များအကြား Video Conference ပြုလုပ်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here