စစ်ကိုင်းမြို့တွင် မိုးသည်းထန်စွာရွာသွင်းကာ မိုး သီးကြွေကျပြီး လေပြင်းများတိုက်ခတ်၍ သစ်ပင်များပြိုလဲ

0
242

စစ်ကိုင်းမြို့တွင် မိုးသည်းထန်စွာရွာသွင်းကာ မိုး သီးကြွေကျပြီး လေပြင်းများတိုက်ခတ်၍ သစ်ပင်များပြိုလဲ

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့တွင် ဧပြီ ၂၈ ရက်(ယနေ့)နေ့လည် ၁ နာရီခွဲခန့်က မိုးသည်းထန်စွာရွာ သွန်းကာ မိုးသီးများကြွေကျပြီး လေပြင်းတိုက် ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်ကြောင့် သစ်ပင်များပြိုလဲခဲ့ပြီး လမ်းများပေါ်သို့ကျ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သဖြင့် စစ်ကိုင်းခရိုင်နှင့်မြို့နယ်မီးသတ်စခန်း၊လူမှုကူညီရေးအသင်းများက ရှင်းလင်းရေးလုပ်ငန်းများပြု လုပ်ခဲ့ကြသည်။

စိန်ကုန်းအရန်မီးသတ်စခန်း၊ထုံးဘိုအရန်မီးသတ်စခန်းတို့မှလည်း ရှင်းလင်းရေးလုပ်ငန်းများ၌ ကူညီမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Photo Credit – 하우 Facebook Account


LEAVE A REPLY

Please enter your comment!
Please enter your name here