နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အလုံးစုံဖြစ်ပေါ်လာရေး ကြိုး ပမ်းအားထုတ်ကြရန် သက်ဆိုင်သူများအားမြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်တိုက် တွန်း

0
51

နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အလုံးစုံဖြစ်ပေါ်လာရေး ကြိုး ပမ်းအားထုတ်ကြရန် သက်ဆိုင်သူများအားမြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်တိုက် တွန်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်းဖိတ်ခေါ်မှုနှင့်ပတ်သက်၍ သက်ဆိုင်သူအားလုံးအား တိုက် တွန်းချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုက်တွန်းချက်တွင် မြန်မာနိုင်ငံမှပါဝင်ထောက်ခံမဲပေးခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၃ ၌ “လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊လွတ်လပ်ခွင့်နှင့်လူပုဂ္ဂိုလ်လုံခြုံခွင့်ရခွင့်ရှိသည်” ဟု အသိအမှတ်ပြုဖော်ပြပါရှိသည်။

အလားတူ မြန်မာနိုင်ငံမှ အဖွဲဝင်အဖြစ်ပါဝင်ထားသည့် အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်း ၏ အပိုဒ် ၃၈ တွင်လည်း “အာဆီယံနိုင်ငံများရှိ ပြည်သူအားလုံးနှင့်လူတိုင်းတွင် ငြိမ်းချမ်းရေးအား ရရှိခံစားခွင့်ရှိသည်”ဟု အသိအမှတ်ပြု ဖော် ပြထားသည်။

အဆိုပါ အခွင့်အရေးများအား အပြည့်အဝရရှိခံစားနိုင်စေရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လို အပ်သည့် ဦးစားပေးအခြေအနေဖြစ်ကာ မြန်မာ နိုင်ငံ၌ ငြိမ်းချမ်းရေးမရရှိခဲ့သဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံသားများသည် ဆိုးရွားသည့် ဆုံးရှုးနစ်နာမှုများနှင့်အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်ဟု ရေးသားထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ ပစ္စုပ္ပန်နှင့်အနာဂတ်မျိုး ဆက်သစ်များ၏ အကျိုးစီးပွားအတွက် ယင်းကဲ့ သို့ အခြေအနေများအား အပြီးအပြတ်ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ရန် အချိန်တန်ပြီ ဖြစ် သည်။

နစက ဥက္ကဋ္ဌ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ကိုယ်တိုင်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်မှုသည် လမ်း ကြောင်းမှန်ရှေ့ရှု၍ ကြီးမားသည့်ခြေလှမ်းဖြစ်ပြီး ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးသူများက အမိအရ ရယူအသုံးချရမည့် အခွင့်အခါကောင်း တစ်ရပ်ဖြစ်သည်ဟု တိုက်တွန်းထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ကြောင့် နိုင်ငံသားများ၏အကျိုးစီးပွားအ တွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် မျှော်မှန်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အလုံးစုံဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းအားထုတ် ဆောင် ရွက်ပေးကြရန် သက်ဆိုင်သူအားလုံးအား တိုက် တွန်းရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here