တောင်ကုတ်မြို့မှ အထက်တန်းပြကျောင်းဆရာမဒေါ်ချယ်ရီသက်ရှည် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

0
195

တောင်ကုတ်မြို့မှ အထက်တန်းပြကျောင်းဆရာမဒေါ်ချယ်ရီသက်ရှည် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့မှ အထက်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်သည့် ဒေါ်ချယ်ရီသက်ရှည်(၄၅)နှစ်ခန့်အား သံတွဲတရားရုံးမှ ဧပြီ ၂၈ ရက်တွင် ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။

ကျောင်းဆရာမတစ်ဦးဖြစ်သည့် ဒေါ်ချယ်ရီသက်ရှည် သည်မြန်မာနိုင်ငံ၌ဖြစ်ပေါ်လျက်ရှိသည့် နိုင် ငံရေးဖြစ်စဥ်များဖြစ်ပွားချိန်တွင် CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

“ဆရာမကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)နဲ့ ဖမ်းဆီးခံရပြီး ၅ လလောက်ကြာတဲ့အချိန်မှာ အခုလိုအပြီးသတ်အမိန့်ချမှတ်ခဲ့တာပါ”ဟု ရှေ့နေများနှင့်နီးစပ်သူတစ်ဦးကပြော သည်။

ဒေါ်ချယ်ရီသက်ရှည်အား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင် တောင်ကုတ်မြို့၊ကံပိုင်ရပ်ကွက်ရှိ နေ အိမ်တွင်လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ တောင်ကုတ်အချုပ်သို့ပြောင်း ရွှေ့ခဲ့ပြီးနောက် သံတွဲအကျဥ်းထောင်သို့ပို့ဆောင်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here