UWSA(ဝ)အဖွဲ့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား တပ်မတော်သို့လွှဲပြောင်းပေးအပ်

0
401

UWSA(ဝ)အဖွဲ့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား တပ်မတော်သို့လွှဲပြောင်းပေးအပ်

UWSA(ဝ)အဖွဲ့၊ စစ်ဒေသ(၁၇၁)၊ ဟွေအောမြို့နယ်မှူးရုံးတွင် ယနေ့ ဧပြီလ (၂၉)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က စစ်ဒေသ(၁၇၁) မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့မှ ဦးရန်ကွေကျုံး ဦးဆောင်၍ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

UWSA(ဝ)အဖွဲ့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် လက်နက် အရေအတွက်မှာ (၄၁၉၂၀၀၀)ပြား၊ AK အမျိုးအစား သေနတ် (၁)လက်နှင့် ကျည် (၈)တောင့် တို့ဖြစ်သည်ဟု ရှမ်းအရှေ့ သတင်းအေဂျင်စီက ဖော်ပြသည်။

တပ်မတော်သို့လွှဲပြောင်းပေးအပ်ခဲ့ရာတွင် တပ်မတော်မှ စစ်ဗျူဟာအဖွဲ့ (အခြေချ) မိုင်းတုံ မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းဦး ဦးဆောင်သောအဖွဲ့မှ လက်ခံယူခဲ့ကြောင်း သိရသည်။

အဆိုပါလွှဲပြောင်းပေးအပ်ခဲ့သောမူးယစ်ဆေးဝါးများမှာ ဖေဖော်ဝါရီလ (၂၅)ရက်နေ့က UWSA(ဝ)အဖွဲ့၊ စစ်ဒေသ(၁၇၁)၊ တပ်မဟာ (၇၇၅)မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းဆောင် ဒုတပ်မဟာမှူး အိုက်ထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးသတင်းအရ ဟွေအာ- နောင်ရင်းမှ လွယ်ထွေတောင်အနီးဝန်းကျင်တွင် ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့်အဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ကျောပိုးအိတ် (၅)လုံးအတွင်းမှ မူးယစ်ဆေးပြား (၄၄၂၀၀၀)ပြားအားလည်းကောင်း၊ မတ်လ (၂)ရက်နေ့က တပ်မဟာ (၅၁၈)၊ တပ်ရင်း (၅၀၅)မှ တပ်ခွဲမှူး ကျဟဲ ဦးဆောင်သောအဖွဲ့များက မြန်မာ- ထိုင်းနယ်စပ် မိုင်းယွန်း- ဟွေဟတွင် လှည့်ကင်းဆောင်ရွက်နေစဉ် မသက်ာဖွယ်လူတစ်စုအားတွေ့ရှိ၍ တားဆီးစစ်ဆေးနေစဉ် အထုတ်များအား လွှင့်ပစ်ထွက်ပြေးသဖြင့် အထုတ်များကိုစစ်ဆေးရာ WY စိတ်ကြွဆေးပြား (၃၇၅၀၀၀၀)ပြား၊ AK အမျိုးအစား သေနတ် (၁)လက်နှင့် ကျည် (၈)တောင့်တို့အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဦးရန်ကွေကျုံး မှပြောကြားချက်ကိုကိုးကားပြီး ရှမ်းအရှေ့ သတင်းအေဂျင်စီက ဖော်ပြသည်။

ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား တပ်မတော်သို့အပ်နှံရခြင်းမှာ တပ်မတော်နှင့်လက်တွဲပူးပေါင်း၍ မူးယစ်ဆေးဝါးများပပျောက်ရေးအတွက် ဆောင်ရွက်နေသည်ကို သိရှိစေလို၍ဖြစ်ကြောင်း၊ တစ်ချို့ပြည်သူများနှင့် ပြည်ပနိုင်ငံတစ်ချို့မှ မိမိတို့အပေါ်အထင်အမြင်လွှဲမှားနေမှုအား သက်သေပြလို၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အဖွဲ့အစည်းအတွင်းတွင် ပြင်းပြင်းထန်ထန်တားဆီးပိတ်ပင်ထားသည်ဟု ဦးရန်ကွေကျုံး မှ ထပ်မံပြောဆိုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here