မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၏ မော်တော်ယာဉ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊မြင်းမူမြို့နှင့်ညောင်ပင်ဝန်းရွာအကြားတွင် ဧပြီ၂၉ရက်၊နံနက်၈နာရီခွဲခန့်က မုံ ရွာမြို့မှမန္တလေးမြို့သို့ လူနာပို့ဆောင်ရန်ထွက်လာခဲ့သော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၏ မော်တော်ယာဉ်နှစ်စီးကို အကြမ်းဖက်အဖွဲ့တစ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။
“မန္တလေးကို လူနာသွားပို့တဲ့ လူနာတင်ယာဉ်နှစ်စီးကို မြင်းမူနဲ့ညောင်ပင်ဝန်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ပြီး သေနတ်နဲ့ပစ်သွားတာပါ။ဘယ်အဖွဲ့က လုပ်တာလဲတော့မသိဘူး။´´ဟု ဒေသခံတစ်ဦးကပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံလူမှုက်ဆယ်ရေးအဖွဲ့(မုံရွာ)၏ မော်တော်ယာဉ်နှစ်စီးစလုံးပျက်စီးခဲ့ရပြီး အဖွဲ့ဝင်တစ်ဦး ဒဏ်ရာအနည်းငယ်(မစိုးရိမ်ရ)ရှိခဲ့ကြောင်း၊အဆိုပါမော်တော်ယာဉ်နှစ်စီးသည်အသက် (၅၀)ဝန်းကျင် ဦးနှောက်သွေးကြောပေါက် လူနာ
နှင့် အသက် (၈၀) အဖွား တစ်ဦး လူနာ နှစ်ဦးတို့အားမန္တလေးဆေးရုံသို့ ပို့ဆောင်စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ ) ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် မတ်လ၂၂ရက်ကလည်း မန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၏ မော်တော်ယာဉ်တစ်စီးကို အကြမ်းဖက်အဖွဲ့တစ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။