ပုဂံဘုရားနှစ်ဆူမှ ခိုးယူခံခဲ့ရသည့် ‌ရှေးဟောင်းပ စ္စည်းများပြန်လည်ရရှိခဲ့ ခိုးယူသူများကိုလည်းဖမ်းမိ

0
368

ပုဂံဘုရားနှစ်ဆူမှ ခိုးယူခံခဲ့ရသည့် ‌ရှေးဟောင်းပ စ္စည်းများပြန်လည်ရရှိခဲ့ ခိုးယူသူများကိုလည်းဖမ်းမိ

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံမြို့ရှိ ပုဂံရှေး ဟောင်းဘုရားအမှတ်-၇၁၆ နှင့် ၄၁၈ တို့မှ ဧပြီလအစောပိုင်းက ခိုးယူခံခဲ့ရသည့် ရှေးဟောင်းပ စ္စည်းများအား ခိုးယူသွားသူ ၆ ဦးနှင့်အတူ ပြန် လည်ရရှိခဲ့သည်ဟု ပုဂံရှေးဟောင်းယဥ်ကျေးမှုဌာနခွဲမှသိရသည်။

ဘုရားအမှတ်-၇၁၆ ၏ဂန္ဓကုဋိတိုက်အတွင်းရှိ ဆင်းတုတော်ကြီးအောက် ပလ္လင်ခုံမျက်နှာစာ မှန်ကွက်တန်းတွင် ၆ လက်မပတ်လည်အရွယ် မှန်ကွက် ၁၀ ကွက်အတွင်းရှိ သဲကျောက်ရုပ်ငယ်များခိုးယူခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ဘုရားအမှတ်-၄၁၈ ၏ဂန္ဓကုဋိတိုက်အတွင်းရှိ ဆင်းတုတော်ကြီးအောက် ပလ္လင်ခုံမျက်နှာစာမှန်ကွက်တန်းတွင် ၆ လက်မပတ်လည်အရွယ် မှန်ကွက် ၅ ကွက်အတွင်းရှိ သဲကျောက်ရုပ်ငယ် ၄ ခုတို့ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ခိုးယူခံရမှုဖြစ်စဥ်အား တာဝန်ရှိသူများက ဧပြီ ၁၈ ရက်တွင်စစ်ဆေးသိရှိခဲ့ရသဖြင့် ရဲတပ်ဖွဲ့သို့ဆက်သွက်အကြောင်းကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးနှင့်ရှေးဟောင်းပစ္စည်းများပြည်ပသို့ တရားမဝင်ရောက်ရှိမသွားစေရန် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol)နှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဧပြီ ၁၉ ရက်နေ့မှစတင်ကာ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ဦးခေါင်းသုံးလုံးပါ ဗြဟ္မာရုပ်တု ၄ ခု(ဘုရားအမှတ်-၄၁၈)၊ခြင်္သေ့ရုပ်တု ၄ ခု(ဘုရားအမှတ်-၇၁၆)၊ဗုံတီးဟန်ရုပ်တု ၂ ခု(ဦးခေါင်းနှင့် အပိုင်းအစအချို့ပဲ့)၊ပလ္လင်ထမ်းဟန်ရုပ်တု ၁ ခု၊ကချေသည်ရုပ်တု ၁ ခု၊အုတ်ခွက်စာပါအုတ် ၁၉ ချပ်နှင့် ၂ ပေပတ်လည်ကျောက်ပြားတွင် သမင်ရုပ်ပုံပါ ၁ ချပ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

“ခွာတဲ့သူရော လက်ခံတဲ့သူတွေရောမိထားတယ် စစ်ဆေးမှုတွေလုပ်နေပါတယ် ကွင်းဆက်တွေထပ်ပြီးဖမ်းမိဖို့အတွက်လည်း တာဝန်ရှိတဲ့လူတွေကဆက်တိုက်လုပ်ဆောင်နေကြပါတယ်”ဟုပုဂံရှေးဟောင်းယဥ်ကျေးမှုဌာနခွဲမှတာဝန်ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here