ကြံခင်းမြို့နယ် အကောက်တောင်ဘုရားသို့ ဘုရားဖူးလာသည့်ကားချောက်ထဲထိုးကျတိမ်းမှောက် ၃ ဦးသေဆုံး

0
104

ကြံခင်းမြို့နယ် အကောက်တောင်ဘုရားသို့ ဘုရားဖူးလာသည့်ကားချောက်ထဲထိုးကျတိမ်းမှောက် ၃ ဦးသေဆုံး

ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်ရှိ အကောက်တောင်ဘုရားသို့ ဘုရားဖူးလာသူများစီးနင်းလာသည့်ကားသည် ဧပြီ ၂၉ ရက်(ယနေ့)နံနက် ၇ နာရီကျော်ခန့်က ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့သည်ဟု လူမှုကူညီရေးအသင်းများမှသိရသည်။

အဆိုပါ ဘုရားဖူးလာသည့်ကားသည် အကောက်တောင်ပေါ်သို့အတက် လမ်းတစ်ဝက်၌ချောက်ထဲသိုထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ ကားပေါ်၌ ကားမောင်းသူအပါအဝင် ၁၁ ဦးလိုက်ပါလာကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား အကောက်တောင်ပရဟိတ အသင်း၊ဗြမ္မာစိုရ်လူမှုကူညီရေးအသင်း(ထန်းတပင်)၊ရွှေမေတ္တာ သာ/နာ ကူညီမှုအသင်း(ထုံးဘို)နှင့်ကျန်းမာစေလို ပရဟိတလူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကားပေါ်မှာက အမျိုးသား ၅ ယောက်နဲ့အမျိုးသမီး ၆ ယောက်ပါတယ် အမျိုးသမီး ၂ ယောက်ကတော့ ချောက်ထဲထိုးကျတဲ့နေရာမှာပဲသေဆုံးသွားပါတယ် အမျိုးသား တစ်ယောက်ကတော့ဆေးရုံရောက်မှသေသွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရသူများအနက်(စိုးရိမ်ရဒဏ်ရာ)ရရှိသူ ၄ ဦးအား ဆိပ်သာတိုက်နယ်ဆေးရုံမှတဆင့် ဟင်္သာတမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်လူမှုကူညီရေးအသင်းများမှဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“အခုကားချောက်ထဲကျတဲ့အခဲမှာပါတဲ့ ဘုရားဖူးလာတဲ့လူတွေက ကြံခင်းမြို့နယ်မှာနေတဲ့လူတွေလို့သိရတယ် ကလေးတွေလည်းပါတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here