ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီအရည်အသွေးကို သတ်မှတ်သည့် အမိန့်တစ်ရပ်ထုတ်ပြန်

0
88

ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီအရည်အသွေးကို သတ်မှတ်သည့် အမိန့်တစ်ရပ်ထုတ်ပြန်

နစက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်အမှတ် ၃ / ၂၀၂၂ ဖြင့် ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီအရည်အသွေးသတ်မှတ်သည့်အမိန့်တစ်ရပ်အား ထုတ်ပြန်လိုက်သည်ဟုသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီအရည်အသွေးကို သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူက “ အမိန့်စာက ပုံမှန်ထုတ်တာပါပဲ။မြန်မာနိုင်ငံကို တင်သွင်းလာတဲ့ စားအုန်းဆီတွေက အနိမ့်ဆုံး ဒီအရေအသွေးတွေ နဲ့ကိုက်ညီရမယ် ဆိုပြီးတော့ အမိန့်ထုတ်တာပါ။ဒါက လိုအပ်လို့ ပြဌာန်းတာပေါ့လေ။ဒါက အရင်နဲ့ ထူးထူးခြားခြား ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး။တရားဝင် အမိန့်စာ မထုတ်ပြန်ရသေးလို့ ထုတ်ပြန်လိုက်တဲ့ သဘောပဲ”ဟု ပြောသည်။

ယခုအမိန့်စာကြောင့် စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းပြီး စားသုံးရန်သင့်သော ပိုပြီးကောင်းသည့် စားအုန်းဆီများ နိုင်ငံထဲ ဝင်ရောက်လာမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here