နှစ်ဆင့်ချေးငွေစီမံကိန်းအရ ထုတ်ချေးသည့် တောင်သူတစ်ဦးချင်းချေးငွေပမာဏအား ယခင်ထက် သိန်း၂၀၀ထပ်တိုးချေးပေး

0
227

နှစ်ဆင့်ချေးငွေစီမံကိန်းအရ ထုတ်ချေးသည့် တောင်သူတစ်ဦးချင်းချေးငွေပမာဏအား ယခင်ထက် သိန်း၂၀၀ထပ်တိုးချေးပေး

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်း အရ တောင်သူတစ်ဦးချင်း အများဆုံးထုတ်ချေးနိုင်မည့် ငွေပမာဏအားသိန်း ၅၀၀ မှ သိန်း ၇၀၀ သို့ တိုးမြှင့်ထုတ်ချေးခွင့်ပြုထားကြောင်းသိရသည်။

စီမံဘဏ္ဍာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများ၏ လယ်ယာကုန်ထုတ် လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံး စက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံစက်ရုံ၊ အလုပ်ရုံများတည်ဆောက်နိုင်ရန် အတိုးနှုန်း သက်သာသည့် ချေးငွေများကို တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်းပြောသည်။

JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုး ကျပ်ဘီလီယံ ၂၀၀ ခန့်ရှိကာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀၊ ပေါင်းနှစ် ၄၀ သက်တမ်းရှိသည်ဟုသိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၈၇ မြို့နယ်တို့မှ တောင်သူ ၅၅၇၆ ဦးကို ချေးငွေကျပ် ၂၂၉ ဒသမ ၉၇၉ ဘီလီယံ ထုတ်ချေး ပေးထားပြီးဖြစ်သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here