ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရရတကသ) အဖွဲ့ဝင်၊ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင်အပါအဝင် ကျောင်းသား (၂) ဦး ဖမ်းဆီးခံရ

0
164

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရရတကသ) အဖွဲ့ဝင်၊ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင်အပါအဝင် ကျောင်းသား (၂) ဦး ဖမ်းဆီးခံရ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရရတကသ)၏ အဖွဲ့ဝင်၊ ကော်မတီတာဝန်ခံဖြစ်သည့် ကိုကောင်းခန့်နိုင် (စတုထ္ထနှစ် ကုန်ထုတ်ဓာတုဗေဒ) အပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများဖြစ်ကြသောကိုဟိန်းထက်ဇော် (ဒုတိယနှစ် မြန်မာစာ အဝေးသင်)၊ ကိုသီဟအောင် (ဒုတိယနှစ် ဥပဒေပညာ အဝေးသင်) တို့နှင့်အတူ (၁၂) နှစ်အရွယ် ကလေးတစ်ဦး စုစုပေါင်း (၄) ဦးတို့ ဖမ်းဆီးခံလိုက်ရကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းပြန်ကြားသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းအချိန်က ဖမ်းဆီးလိုက်ခြင်းဖြစ်ကာ ဒေါပုံဘောလုံးကွင်း အတွင်းရှိနေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သမဂ္ဂက ပြောသည်။

ကျောင်းသားများသမဂ္ဂအနေဖြင့် ကိုကောင် ခန့်နိုင်နှင့် ကျောင်းသား(၂) ဦး ၏ သတင်းအားမပြတ်နားစွင့်နေကြောင်းလည်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here