ဘိုကလေးမြို့ရှိ တာဝတိံသာစေတီတော်လှေကားဆောင်းတန်းပြိုကျ

0
158

ဘိုကလေးမြို့ရှိ တာဝတိံသာစေတီတော်လှေကားဆောင်းတန်းပြိုကျ

ဧရာဝတီတိုင်း၊ဘိုကလေးမြို့၊အမှတ်(၂)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် အောင်စင်္ကြာစေတီတော်မြတ်ကြီးဝင်းအတွင်း၌တည်ထားသည့် တာဝတိံ သာဆုတောင်းပြည့်စေတီတော်၏ လှေကားဆောင်းတန်း ဧပြီ ၂၉ ရက်(ယနေ့)တွင် ပြိုကျသွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

အဆိုပါ လှေကားစောင်းတန်းဆောက်လုပ်ထား သည်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ပြီဖြစ်၍ ခံနိုင်ရည်အားနည်းလာကာပြိုကျသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“မနက်က သူ့အလိုလိုပြိုကျသွားတာ လေလည်းမတိုက်ပါဘူး ထိခိုက်ဒဏ်ရာရတာတစ်ခုမှမရှိပါဘူး အရှည်ပေ ၆၀ လောက်ပြိုကျသွားတာပါ”ဟုဒေသခံတစ်ဦးကပြောသည်။

ပြိုကျသွားခဲ့သည့် လှေကားစောင်းတန်းအား ဆ ရာတော်ကြီးများ၏သြဝါဒအားခံယူ၍ ပြန်လည်ပြင်ဆင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here