တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရ

0
179

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရ

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်အမှုများအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

ဧပြီလ၂၇ရက်ညက ဖမ်းဆီးခံခဲ့ရသည့် တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင် အား ဖမ်းပြီးနောက်တစ်ရက်တွင် မြို့နယ်တရားရုံးတစ်ခုတွင် ရီမန်ယူသွားသည်ဟု ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူထံမှသိရသည်။

နစက သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရခြင်းမှာ PDF အဖွဲ့ကို ငွေကြေးထောက်ပံ့မှုကြောင့်ဟု ပြည်တွင်းမီဒီယာတစ်ခုကို ဖြေကြားထားသည်ကိုတွေ့ရသည်။

ယင်းအပြင် မန္တလေးမြို့မှ ဖမ်းဆီးခံရသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် တစ်ဦး၏ ထွက်ဆိုချက်အရ ဒေါ်ရွက်နုအောင်ကို ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်းလည်း ပြောဆိုထားသည်ကိုတွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here