မလေးရှားနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ နိုင်ငံသားများအား ပြန်လည်ပို့ဆောင်

0
288

မလေးရှားနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ နိုင်ငံသားများအား ပြန်လည်ပို့ဆောင်

မလေးရှားနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးကာ ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၆၄ ဦးအား ဧပြီ ၂၈ ရက်က ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ရာတွင် မြန်မာ့လေကြောင်းလိုင်း(MAI)၏ ကယ်ဆယ်ရေးလေယာဥ်ဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ပြန်လည်ပို့ဆောင်ခြင်းမပြုမီ မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ တာဝန်ရှိသူများက ထိန်းသိမ်းရေးစခန်းများသို့ သွားရောက်တွေ့ဆုံခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်နိုင်ရန် မလေးရှားနိုင်ငံမှတာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here