နမ္မတူ(သီပေါ)ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်လက်မှတ်ရေးထိုး

0
233

နမ္မတူ(သီပေါ)ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်လက်မှတ်ရေးထိုး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားစီမံရေးဦးစီးဌာနနှင့် Natural Current Energy Hydropower Co., Ltd တို့ကြား ရှမ်းပြည် (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ်၊နမ္မတူမြစ်ပေါ်ရှိ နမ္မတူ(သီပေါ)ရေအားလျှပ်စစ်စီမံ ကိန်း အကောင်အထည်ဖော်ရန် စီမံကိန်းဆိုင်ရာပဋိညာဉ်စာချုပ်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါ်မိမိခိုင်နှင့် Natural Current Energy Hydropower Co., Ltd မှ Managing Director ဦးစိုင်းထွန်းထွန်းဦးတို့က နမ္မတူ (သီပေါ) ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြသည်။

နမ္မတူ(သီပေါ)ရေအားလျှပ်စစ်စီမံကိန်းမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အားကို ဓာတ်အားပို့လွှတ်ရေးလိုင်းများမှတဆင့် ဓာတ်အားသုံးစွဲသူများထံ ပို့ ဆောင်ပေးမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးကပြောသည်။

“Natural Current Energy Hydropower Co., Ltd. အနေနဲ့ စီမံကိန်းကို သတ်မှတ်အချိန်ကာလအ တိုင်း ပြီးစီးနိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ် လူမှုပတ်ဝန်းကျင်၊သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ စီမံ ကိန်းတွေကို အကောင်အထည်ဖော်ဆောင်ခြင်းကြောင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးကိုလည်းမြှင့်တင်သွားဖို့ ဆန္ဒရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးကပြော သည်။

Natural Current Energy Hydropower Co., Ltd မှ Managing Director ဦးစိုင်းထွန်းထွန်းဦးမှလည်း စီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

နမ္မတူ(သီပေါ)ရေအားလျှပ်စစ်စီမံကိန်းအား ရှမ်းပြည်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ်အတွင်းရှိ နမ္မတူမြစ်ပေါ်တွင် အကောင်အထည် ဖော်တည်ဆောက်သွားမည်ဖြစ်ကာ စက်တပ်ဆင်အင်အား(၂၁၀ မဂ္ဂါဝပ်)မှတစ်နှစ်လျှင် ဓာတ်အားယူနစ် ကီလိုဝပ်နာရီသန်းပေါင်း(၁,၀၀၆)သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု စီမံကိန်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here