ပုလောမြို့နယ်တွင် ခရီးသည်တင်ကားနှစ်စီး မိုင်းဖောက်ခွဲခံရကာ သေနတ်များဖြင့်ပစ်ခတ်ခံရ၍ ၃ ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရာရဟု နစက ထုတ်ပြန်

0
154

ပုလောမြို့နယ်တွင် ခရီးသည်တင်ကားနှစ်စီး မိုင်းဖောက်ခွဲခံရကာ သေနတ်များဖြင့်ပစ်ခတ်ခံရ၍ ၃ ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရာရဟု နစက ထုတ်ပြန်

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊သစ်လှတောကျေးရွာအနီးတွင် ဧပြီ ၂၈ ရက်ညနေပိုင်းက ရန်ကုန်-မြိတ်-ထားဝယ် ပြေးဆွဲသည့် ခရီးသည်တင်ကားနှစ်စီး ဖောက်ခွဲပစ်ခတ်ခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်များတွင် ညနေ ၅ နာရီခွဲခန့်က ရန်ကုန်မြို့မှထားဝယ်မြို့သို့ “ရတနာတိုး”ခရီးသည်တင်ကားလိုင်းမှ ဦးတေဇာအောင်(၃၈)နှစ်မောင်းနှင်လာသည့် ခရီးသည်တင်ကားသည် သစ်လှတောကျေးရွာအနီးအရောက်တွင် မိုင်းဖြင့်ဖောက်ခွဲကာ သေနတ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်နေ ဦးနေမင်းထွန်း (၄၂)နှစ်မှာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးခဲ့သည်။

ထို့ပြင် ပဲခူးတိုင်း၊ပဲခူးမြို့နယ်နေ ဒေါ်ဝင်းဝင်းမော် (၅၂)နှစ်၊တနင်္သာရီတိုင်း၊မြိတ်မြို့နယ်နေ ဦးသက်ဇော်ဦး(၄၈)နှစ်၊ဧရာ၀တီတိုင်း၊ငပုတောမြို့ နယ်၊ပျံရေကျော်ကျေးရွာနေ ဦးဇာနည်နိုင်(၃၀)နှစ်၊ပန်းတနော်မြို့နယ်၊ကျုံတစ်ချောင်းကျေးရွာနေ ဦးအောင်အောင်ထက်(၂၈)နှစ်၊တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ဇရပ်ဆိပ်ကျေးရွာနေ ဒေါ်မီသူလွင် (၃၂)နှစ်၊ပုလောမြို့နယ်၊လက္ကူးကျေးရွာနေ ဦးမြင့်စိုး(၃၇)နှစ်၊ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၊ကျောက်မြောင်းကျေးရွာနေ ကိုအောင်လင်းထွေး (၁၉)နှစ်၊ရန်ကုန်တိုင်း၊ကော့မှူးမြို့နယ်၊ညောင်ပင်သာကျေးရွာနေ ဒေါ်စန်းစန်းမော်(၃၁)နှစ်၊မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဒေါ်မိချို(၅၆)နှစ်၊ကွမ်းခြံကုန်းမြို့နယ်နေ ဦးရဲတင့် (၄၈)နှစ်နှင့်ကားမောင်းသူ ဦးတေဇာအောင်တို့တွင်လည်း ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သည်။

အလားတူ ညနေ ၅ နာရီ ၅၀ မိနစ်တွင်လည်း ရန်ကုန်မြို့မှထားဝယ်မြို့သို့ ဦးဇော်မင်းဦး(၄၂)နှစ်မောင်းနှင်လာသည့် “ရွှေလီရတနာ”ခရီးသည်တင်ကားလိုင်းမှ ခရီးသည်တင်ကားသည် သစ်လှတောကျေးရွာအနီး၌ ထပ်မံမိုင်းဖောက်ခွဲခံရကာ သေနတ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရသည်။

ဖြစ်စဥ်တွင် ကားပေါ်၌လိုက်ပါလာသည့် ရန်ကုန် တိုင်း၊ကွမ်းခြံကုန်းမြို့နယ်နေ ဦးဘိုဘိုဇော် (၂၉)နှစ်နှင့်ပုလောမြို့နယ်၊လက္ကူးကျေးရွာနေ ဦးသန်းစိုး(၄၁)နှစ်တို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်း၊ကွမ်းခြံကုန်းမြို့နယ်နေ ဦးထင်အောင်(၃၇)နှစ်၊မထွေးထွေးမာ(၃၄)နှစ်၊သ င်္ကန်းကျွန်းမြို့နယ်နေ ဒေါ်သန်းသန်းဝင်း(၃၉)နှစ်၊ဦးသန်းဌေးအောင်(၄၇)နှစ်၊ဦးကြည်သန်း(၄၉)နှစ်၊ပဲခူးတိုင်း၊မိုးညိုမြို့နယ်နေ ဦးရဲထိုက်အောင် (၂၁)နှစ်၊မြိတ်မြို့နယ်၊မြိတ်တောင် ကျေးရွာနေ ဦးဝင်းကြည်(၇၄)နှစ်၊ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်နေ ဦးဇော်မင်းလေး(၃၁)နှစ်၊ဦးအောင်ကျော်သန်း(၄၅)နှစ်၊ဦးမိုးကျော်ဟိန်း (၃၃)နှစ်၊ဦးနေဝင်း(၃၅)နှစ်၊ဦးမောင်သိန်းနု(၄၅)နှစ်၊ဦးမောင်သိန်းလှိုင်(၂၇)နှစ်၊အမ်းမြို့နယ်နေ ဦးဇော်ဇော်ဝင်း(၃၂)နှစ်၊ဦးစံရှားအောင်(၄၂)နှစ်၊မြောက်ဦးမြို့နယ်နေ ကိုနိုင်နိုင်(၂၃)နှစ်နှင့်ကားမောင်းသူဦးဇော်မင်းဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများအသီး သီးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များမှ သေဆုံးသူများနှင့်ထခိုက်ဒဏ်ရာရရှိသူများအား ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအားဖမ်းဆီရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here